DVB Logo
Home
မြန်မာသတင်း
ဟားခါးအနီး ချွန်ကျုံးကျေးရွာကို လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် မိသားစုဝင် ၄ ဦးသေဆုံး၊  ၉ ဦး ဒဏ်ရာရ
DVB
·
December 11, 2024
ဟားခါးအနီး ချွန်ကျုံးကျေးရွာကို လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် မိသားစုဝင် ၄ ဦးသေဆုံး၊  ၉ ဦး ဒဏ်ရာရ
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့အနီးက ချွန်ကျုံးကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၀ ရက် မနက် ၂ နာရီကျော်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ ဒဏ်ရာရရှိခဲ့ကြသလို လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားပါတယ်။

ကလေး-ဟားခါးလမ်းပေါ်မှာရှိတဲ့ ဟားခါးမြို့နားက ချွန်ကျုံးရွာကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲသွားလို့ အဲ့ဒိရွာက မိသားစုဝင် ၄ ယောက်သေဆုံးသွားပြီး ၉ ယောက် ဒဏ်ရာရကာ  အိမ်တွေလည်း ပျက်စီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။

သေဆုံးသူတွေကတော့  ချွန်ကျုံးကျေးရွာသား အသက် ၆၆ နှစ်အရွယ် အမျိုးသား (Pu Ram Cung)၊ အသက် ၆၅ နှစ်အရွယ်ဇနီးဖြစ်သူ (Pi Tial Pum)၊ အသက် ၄၇ နှစ်အရွယ်သမီးဖြစ်သူ (Pi Sui Len) နဲ့ အသက် ၁၃ နှစ်အရွယ်မြေးဖြစ်သူ Mai Biak Tha Tin Cuai တို့ဖြစ်ပါတယ်။ 

ကူညီဆောင်ရွက်ပေးနေသူတဦးက “စစ်တပ်ကဂျက်ဖိုက်တာနဲ့ တိုက်ပွဲဖြစ်တာ မရှိဘဲနဲ့ အဲ့ဒိချွန်ကျုံးရွာကို ဗုံး၂ ခါကြဲသွားတာပါ။ အိမ် ၄ လုံးလောက်ပျက်စီးသွားတယ်လို့သိထားရတယ်။ အတိအကျတော့မဟုတ်ဘူးပေါ့။ သေဆုံးသွားတဲ့ မိသားစုဝင် ၄ ယောက်ထဲမှာ အငယ်ဆုံးကလေးမလေးက အသက်မပြည့်သေးဘူး ၁၃ နှစ်ပဲ ရှိသေးတယ်။ ဒဏ်ရာရတဲ့သူ ၉ ယောက်ကိုတော့ ဟားခါးဆေးရုံကို ပို့ဆောင်ပေးထားပါတယ်” လို့ ပြောပါတယ်။ 

သေဆုံးခဲ့တဲ့ မိသားစုဝင် ၄ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာ ၄ ရက် ညနေပိုင်းမှာ ခရစ်ယာန်ထုံးတမ်းစဉ်လာအရ သင်္ဂြိုဟ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် လက်နက်ကြီးတွေနဲ့ပါ အဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့် ဟားခါး၊ ထန်တလန်၊ ဖလမ်းမြို့နယ်တွေအနီးကကျေးရွာတွေကိုကျရောက်ပေါက်ကွဲပြီး ဒေသခံ ပြည်သူ သောင်းချီပြီး နေရပ်စွန့်ခွာနေကြရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေ ဆီကနေ သိရပါတယ်။

အခုရက်ပိုင်းမှာလည်း ချင်းပြည်နယ်အတွင်းမှာ ချင်းပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ အပြင်းအထန်ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း ချင်းပူးပေါင်းတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013