DVB Logo
Home
မြန်မာသတင်း
အယုဒ္ဓယတွင် မြန်မာဆောက်လုပ်ရေးလုပ်သား ၁၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
December 10, 2024
အယုဒ္ဓယတွင် မြန်မာဆောက်လုပ်ရေးလုပ်သား ၁၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် ဦထိုင်းမြို့နယ်ရှိ ဆောက်လုပ်ရေးအလုပ်သမား တန်းလျားကို တာဝန်ရှိသူတွေက ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး အထောက်အထားမရှိတဲ့အ လုပ်သမားတွေကို ဖမ်းဆီးအရေးယူခဲ့တယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ဦထိုင်းမြို့နယ်၊ နောင်နမ့်ဆုမ့်ရပ်ကွက် နယ်မြေ ၄ ရှိ ဆောက်လုပ်ရေးအလုပ်သမား တန်းလျားမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်နေထိုင်ကြောင်းတိုင်ကြားချက်ရတဲ့အတွက်  အယုဒ္ဓယခရိုင် လဝကရဲ ၊ မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ နယ်မြေခံရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၈ ရက် မနက်မိုးမလင်းခင်ကတည်းက အဲဒီနေရာကို ရှောင်တခင်သွားရောက်စစ်ဆေးခဲ့ ပါတယ်။

အဲဒီအချိန်မှာ အလုပ်သမားတွေဟာ အိပ်မောကျနေကြတယ်၊ တာဝန်ရှိသူတွေရောက်လာ တာသိတော့ ထိတ်လန့်ပြီး အိပ်မှုံစုံမွှားနဲ့ ကစင့်ကလျားထွက်ပြေးကြတယ်၊ တချို့က ခြံထဲ၊ တချို့က ခေါင်မိုးပေါ်၊ တချို့က အိမ်သာထဲကို ထွက်ပြေးရာမှာ တာဝန်ရှိသူတွေလည်း လိုက်ဖမ်းပြီး စုစုပေါင်း မြန်မာနိုင်ငံသား ၁၀၀ ကျော်ဖမ်း မိတယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးရမိသူတွေကို စစ်ဆေးရာမှာ အမျိုးသား ၂၆ ယောက် ၊ အမျိုးသမီး ၁၁ ယောက် ပေါင်း ၃၇ ယောက်မှာ အထောက်အထားတစုံတရာမရှိကြောင်း၊ သူတို့ဟာ မြန်မာပြည်ကနေ စစ်ဘေးရှောင်ပြီး ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် တောလမ်းဘက်ကနေ တရားမဝင် ဝင်ရောက်လာတာဖြစ်တယ်၊  ပွဲစားကို တယောက် ဘတ် ၁၅,၀၀၀ မှ ၂၀,၀၀၀ ထိ ပေးခဲ့ရတယ်၊ အဲဒီဆောက်လုပ်ရေးအလုပ်မှာတော့ နေ့တွက်လုပ်အားခ ဘတ် ၅၀၀ ကနေ ၆၀၀ ထိရတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သူတို့ကို ဦထိုင်းမြို့နယ်ရဲစခန်းကိုခေါ်ဆောင်ထားပြီး အရေးယူအပြစ် မပေးခင် အားလုံးဆာလောင်နေလို့  ရဲတွေက ကောက်ညှင်းပေါင်းနဲ့ ကြက်သားကင်ဝယ် ကျွေးခဲ့တယ်လို့  သတင်းမှာဖော်ပြထားပါတယ်။ 

Source: Thairath TV News / Amarin TV 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013