DVB Logo
Home
မြန်မာသတင်း
ဦးဆန်းဆင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရမှု အယူခံဝင်မည်
DVB
·
October 17, 2014
ဦးဆန်းဆင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရမှု အယူခံဝင်မည်
1 / 2
Donate to DVB

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို  နေပြည်တော်  ဒက္ခိဏခရိုင် တရားရုံးက   ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုတွေနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး   စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်နဲ့ ငွေဒဏ် ၁ သိန်း စီရင်ချက် ချမှတ်လိုက်ပါတယ်။

10350630_736733833031786_6042376695425639374_nနေပြည်တော်  ဒက္ခိဏ ခရိုင်တရားရုံးမှာ ဒီနေ့ မနက်က  ဦးဆန်းဆင့်ကို  နောက်ဆုံးအကြိမ်  ရုံးထုတ်စစ်ဆေးပြီး ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု ပုဒ်မ ၄၀၉ နဲ့ ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မ ၁၂၄ အပိုဒ်ခွဲ(က)အရ ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ် ၁ သိန်း ပေးဆောင်ဖို့ စီရင်ချက် ချမှတ်လိုက်တယ်လို့ ဦးဆန်းဆင့်ရဲ့ ရှေ့နေ ဦးတင်ထွန်းက ပြောပါတယ်။

ထောင်ဒဏ် ၁၃ နှစ်နဲ့ ဒဏ်ငွေ ၁ သိန်းချခံရမှုနဲ့ ပက်သက်ပြီး ဦးဆန်းဆင့်ရဲ့ရှေ့နေ ဦးတင်ထွန်းကတော့ လာမည့်အပတ်ထဲမှာ အယူခံဝင်သွားမလို့ ပြောဆိုပါတယ်။

[caption id="attachment_68136" align="alignright" width="244"]ရှေ့နေ ဦးတင်ထွန်း ရှေ့နေ ဦးတင်ထွန်း[/caption]

“အမိန့်ယူထားတယ်။ အမိန့်ယူထားတော့ အင်္ဂါနေ့လောက်ရရင် ၀န်ကြီးဆီမှာ သွားပြီး ပါဝါထိုးရဦးးမယ်။ ပါဝါထိုးပြီးမှ စီစဉ်လို့ ရမယ်။ နောက်လာမယ့် တပတ်လောက်တော့ တင်နိုင်မယ်။ မန္တလေးကို အရင်တတက်မယ်။”

စီရင်ချက်ချပြီး ဒဏ်ငွေ ၁ သိန်း ပေးဆောင်ပြီး ဖြစ်တယ်လို့ ရှေ့နေက ပြောပါတယ်။

ဦးဆန်းဆင့်ကတော့ စီရင်ချက်ချမှတ်ခံရပြီးနောက် တရားရုံးကအထွက်မှာ “တရားရေး မဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့“ လို့သာ  တ၀က်တပျက်  ပြောဆိုခဲ့ပြီး လုံခြုံရေးဝန်ထမ်းတွေ ဆွဲခေါ်သွားလို့ ဆက်လက် ပြောဆိုခွင့် မရရှိခဲ့ပါဘူး။

ကားပေါ်အတက်မှာတော့  ဒီအမှုနဲ့ ပက်သက်ပြီး တရားဥပဒေအရ မှန်မှန်ကန်ကန် ရင်ဆိုင်သွားမှာပါ။ သံယမဟာနာယကနဲ့ ရဟန်းရှင်လူပြည်သူတွေကို မေတ္တာပို့ပေးဖို့ ပြောပေးပါလို့ ပြောဆိုသွားပါတယ်။

ဦးဆန်းဆင့်ဟာ သာသနာရေးဝန်ကြီးဌာနက ငွေတွေကို အလွဲသုံးစား လုပ်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာ ဖြစ်ပြီး လက်ရှိ စစ်အစိုးရဟာ အတုဖြစ်တဲ့အကြောင်းနဲ့ နောက်တက်မယ့် စစ်အစိုးရက အစစ် ဖြစ်ကြောင်း ပြောဆိုခဲ့တာတွေ အပါအ၀င် တခြား အကြည်ညိုပျက်အောင် ပြောဆိုခဲ့တာတွေကို အကြောင်းပြုပြီး  ဒီလို စီရင်ချက်ချမှတ်ခဲ့တာပါ။

ခုချိန်မှာတော့ ဦးဆန်းဆင့်က ကျန်းမာရေးလည်း ကောင်းမွန်နေကြောင်းနဲ့ ဒီလို ချမှတ်တာ ဟာ တရားမျှတမှု မရှိဘူးလို့ ရှေ့နေ ဦးတင်ထွန်းက ပြောဆိုပါတယ်။

“ဒါက ဆွဲထားပြီးတဲ့နောက်မှာ ကြိုးနဲ့ချည်ထားပြီးရင် သူဆက်ချည်တဲ့သဘောထားပေါ့။ နောက်တော့မှာ အပေါ်က ဖြည်တာမဖြည်တာ သူတို့အလုပ်ပေါ့။ တရားရုံးအလုပ်ကတော့ ဒီသဘောပဲ။ ကျေနပ်လားလို့ ပြောရရင် မကျေနပ်ဘူး။ ဘာလို့ မကျေနပ်လဲ ပြောရရင် ရိုးသားစွာ မကျေနပ်တာ။ ”

ဒီအမှု စီရင်ချက်မချခင် မနေ့ကပဲ  ဦးဆန်းဆင့်ရဲ့ အမှုနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ သက်ညှာစွာ စဉ်းစားပေးဖို့နဲ့ အမှုကို ရုပ်သိမ်းပေးဖို့  လွှတ်တော်အမတ် ၅၀ ကျော်က လက်မှတ်ရေးထိုး မေတ္တာရပ်ခံထားတဲ့ စာတစောင်ကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သမ္မတနဲ့  တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်တွေထံ ပေးပို့ တောင်းဆိုခဲ့ပါသေးတယ်။

မေတ္တာရပ်ခံ လက်မှတ်တွေကို ဦးစီးကောက်ခံခဲ့တဲ့ လွှတ်တော်အမတ် ဦးခိုင်မောင်ရည်ကတော့  ဦးဆန်းဆင့်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ခုလိုမှတ်ချက်ပေးပါတယ်။

“အပြစ်ပေးခံရတဲ့ ဦးဆန်းဆင့်ဟာ လက်ရှိကျနော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အခြေအနေကို အင်မတန်မှ တက်ကြွစွာ ပါဝင်သူတဦးလို့ မြင်တယ်။ ဒီလိုနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုမှာ တက်ကြွစွာ ပါဝင်ခဲ့သူတဦးကို မပါအောင် ဘေးဖယ်ထုတ်တာလားလို့ ကျနော်တို့ဘက်က မြင်စရာရှိလာတယ်။ ”

ပြီးခဲ့တဲ့ ဇွန်လကတည်းက  သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ တာဝန်က ရပ်စဲပြီး တပြိုင်နက် နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မ ရဲစခန်းမှာ ပုဒ်မ ၄၀၉/ ၁၀၉ နဲ့ အမှုဖွင့် အရေးယူခဲ့တာ ဖြစ်ပြီး ၂၅ ကြိမ်မြောက်ရုံးချိန်းမှာမှ  စီရင်ချက်ချမှတ်နိုင်ခဲ့ တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013