DVB Logo
Home
နိုင်ငံတကာ
၂၀၂၄ ခုနှစ် ကမ္ဘာ့အပူဆုံးစံချိန်တင်၊ ၂၀၂၅ နှစ်စပိုင်းထိ အပူချိန် မြင့်မားမည်
DVB
·
December 9, 2024
၂၀၂၄ ခုနှစ် ကမ္ဘာ့အပူဆုံးစံချိန်တင်၊ ၂၀၂၅ နှစ်စပိုင်းထိ အပူချိန် မြင့်မားမည်
Donate to DVB

၂၀၂၄ ခုနှစ်ဟာ ကမ္ဘာ့အပူချိန် မှတ်တမ်းတင်သမိုင်းတလျှောက် အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်မှာဖြစ်သလို ၂၀၂၅ ခုနှစ် အစပိုင်းအထိ အပူချိန်မြင့်မားနေဦးမယ်လို့ ဥရောပသမဂ္ဂရဲ့ ကော်ပါနီးကပ်စ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့ (C3S) က သတိပေးလိုက်ပါတယ်။

စက်မှုခေတ်မတိုင်မီကာလကထက် ပျမ်းမျှအပူချိန်ဟာ ၁ ဒသမ ၅၅ ဒီဂရီဆဲလ်စီးယပ်စ် မြင့်တက်နေပြီး ပါရီသဘောတူညီချက်က သတ်မှတ်ထားတဲ့ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်သွားတဲ့ ပထမဆုံးနှစ်အဖြစ်လည်း မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်း ၂၀၂၄ ဒုတိယနှစ်ဝက်မှာ အပူချိန်လျော့ကျစေတတ်တဲ့ လာနီညာဖြစ်စဉ် ပေါ်လာမယ်လို့ ခန့်မှန်းထားပေမဲ့ မဖြစ်ပေါ်ခဲ့ပါဘူး။

ကော်ပါနီးကပ်စ်အဖွဲ့က သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ၂၀၂၅ ခုနှစ် ပထမလအနည်းငယ်အထိ ကမ္ဘာ့ပျမ်းမျှအပူချိန် စံချိန်တင်မြင့်တက်နိုင်တယ်လို့ သတိပေးထားပါတယ်။

ကမ္ဘာကြီးပူနွေးလာရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ရေနံ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေကို ဆက်လက်အသုံးပြုနေခြင်းကြောင့် ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ စက်မှုခေတ်မတိုင်မီကာလကထက် ပျမ်းမျှအပူချိန် ၁ ဒသမ ၄၈ ဒီဂရီဆဲလ်စီးယပ်စ် ပိုမြင့်မားခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013