အမေရိကန်ထုတ် ရေအောက်သွား သူလျှိုယာဉ် ဖမ်းမိဟု အီရန်ပြော
DVB
·
September 28, 2026

ဟော်မုဇ်ရေလက်ကြားမှာ လည်ပတ်လှုပ်ရှားနေပြီး သူလျှိုလုပ်ငန်း လုပ်နေတယ်လို့ ယူဆရတဲ့ အမေရိကန်ထုတ် Remus 600 အမျိုးအစား လူမပါ ရေအောက်သွားယာဉ် (UUV) တစင်းကို ဖမ်းဆီးရမိခဲ့တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) ရေတပ်က စက်တင်ဘာ ၂၇ ရက်မှာ ပြောတယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ကြေညာပါတယ်။
ထောက်လှမ်းရေးနဲ့ အီလက်ထရွန်နစ်စစ်ဆင်ရေးဆိုင်ရာ စွမ်းရည်တွေကိုသုံးပြီး UUV ယာဉ်ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ယာဉ်ထဲက အချက်အလက်တွေကို ပြန်ယူဖို့ အီရန်ကျွမ်းကျင်ပညာရှင်တွေက စစ်ဆေးနေတယ်လို့လည်း IRGC က ပြောခဲ့ပါတယ်။
Source: Reuters










