DVB Logo
Home
မြန်မာသတင်း
ရက်သတ္တ ၂ ပတ်အတွင်း မူးယစ်ဆေး ကျပ်သန်း ၁ သောင်းကျော်ဖိုးဖမ်းမိ
DVB
·
December 8, 2024
ရက်သတ္တ ၂ ပတ်အတွင်း မူးယစ်ဆေး ကျပ်သန်း ၁ သောင်းကျော်ဖိုးဖမ်းမိ
Donate to DVB

ပြီးခဲ့တဲ့ ရက်သတ္တ ၂ ပတ်အတွင်း မန္တလေး၊ ပုသိမ်ကြီးမြို့နယ်က ကျပ်သန်း ၉,၀၀၀ ကျော်ဖိုးအပါအဝင် ကျပ်သန်းပေါင်း ၁ သောင်းကျော်ဖိုး မူးယစ်ဆေးတွေ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC) က ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ နိုဝင်ဘာ ၂၂ ရက်နေ့က ကျပ်သန်း ၉,၁၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားနဲ့ ဘိန်းဖြူတွေကို ဖမ်းဆီးရမိတယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့က ထုတ်ပြန်လာပါတယ်။

ပုသိမ်ကြီးမြို့နယ်၊ ၁၀၁ လမ်းနဲ့ မြို့ပတ်လမ်းထောင့်မှာ ကျော်သူလွင်(ခ)မွန်ချေး မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာမှာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြား စတင် ဖမ်းဆီးရမိခဲ့ပြီး သူငှားရမ်းနေထိုင်တဲ့ ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာ ၁ ရပ်ကွက်အိမ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား ၆၁ သိန်း ကျော်၊ မန္တလေးမြို့၊ ၃၅ လမ်းနဲ့ ၅၄ လမ်းထောင့်က ဟိုတယ်အခန်းမှာ ရောင်းချဖို့ အသင့်ထားတဲ့ ဘိန်းဖြူ ၄၄၀ ဂရမ်၊ စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၉ ဒသမ ၁ ဘီလီယံ(ကျပ်သန်း ၉,၁၀၀) ကျော်တန်ဖိုးရှိတာကို ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ အဲဒီနေ့မွန်းလွဲပိုင်းမှာပဲ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူ အောင်ခိုင်မင်း(ခ)ဖိုးလုံးကို CRV မော်တော်ယာဉ် ၁ စီးနဲ့အတူ မန္တလေးမြို့မှာ ဖမ်းဆီးမိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို စစ်ဆေးဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ကလည်း မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာနားမှာ HARRIER မော်တော်ယာဉ်ကနေ ဘိန်းဖြူ အလေးချိန် ၈၈၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၅၂ သိန်း)ကို သယ်ဆောင်သူနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ဒီဇင်ဘာ ၃ ရက်နေ့က တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်က စိုင်းရှဲန်ဝမ်းရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ နေအိမ်အတွင်းကနေ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၈,၀၀၀(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၅၂ သိန်း)၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၁၆ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၃၆၀) ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့လည်း ကလောမြို့နယ်၊ ရေယားကျေးရွာနားမှာ TOYOTA LANDCRUISER မော်တော်ယာဉ်နဲ့သယ်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၅၃၈,၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၂,၆၉၀)ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားတွေ သယ်ဆောင်ရောင်းဝယ်ရာမှဦ ပူးပေါင်းပါဝင်သူတွေဖြစ်တဲ့ မောင်လွှာကို တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်က နေအိမ်မှာ၊ စောစင်ကြယ်မင်းနဲ့ စောစိုးစိုးပိုင်တို့ကို ပဲခူးမြို့နယ်၊ ပြည်တော်အေးကျေးရွာက ဟိုတယ်မှာ ဖမ်းဆီးရမိခဲ့သေးတယ်လို့ CCDAC က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့က ကျောက်ဆည်မြို့နယ်၊ သံရွာနားမှာ HUMMER မော်တော်ယာဉ်ကနေ ဘိန်းဖြူ ၈.၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂,၂၀၀)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂,၁၀၀)တို့ကို ဖမ်းဆီးမိတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ ကျိုင်းတုံမြို့နယ်၊ ၀မ်ဖိုင်ရွာနားမှာ TOYOTA CROWN မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာမှာ ယာဉ်ပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား ၇၆,၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၀၄ သိန်း)ဖမ်းဆီးရမိပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မဟုန်လွယ်ရွာနားမှာလည်း HILUX REVO မော်တော်ယာဉ်ကနေ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိတဲ့  စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို တာချီလိတ်မြို့နယ်ကနေ မိုင်းဆတ်မြို့နယ်ဆီကို သယ်ဆောင်ရောင်းဝယ်တာလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့ကလည်း မန္တလေး၊ မဟာအောင်မြေမြို့နယ်က ကားဂိတ်မှာ ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ ၂ ယောက်ဆီက စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၉၀၀)ကို ဖမ်းမိခဲ့တယ်လို့ CCDAC က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013