DVB Logo
Home
မြန်မာသတင်း
ရွှေစံချိန်စံညွှန်းဓာတ်ခွဲခန်း ရန်ကုန်တိုင်းရွှေအသင်း ဖွင့်လှစ်မည်
DVB
·
December 8, 2024
ရွှေစံချိန်စံညွှန်းဓာတ်ခွဲခန်း ရန်ကုန်တိုင်းရွှေအသင်း ဖွင့်လှစ်မည်
Donate to DVB

မြန်မာ့ရွှေကို ကမ္ဘာ့ရွှေဈေးကွက်မှာ စံချိန်စံညွှန်း ပြည့်မီစွာနဲ့ ရောင်းချနိုင်ဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အရည်အသွေးစစ်ဆေးနိုင်မယ့် ဓာတ်ခွဲခန်း ဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာတွေမှာ ကြေညာခဲ့ပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) အနေနဲ့ လက်ရှိမှာ ရွှေဓာတ်ခွဲခန်း ဖွင့်လှစ်ဖို့ နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိအောင် ဆောင်ရွက်နေပြီး နိုင်ငံတကာအသိအမှတ်ပြု အဖွဲ့တွေကလည်း လာရောက်စစ်ဆေးဖို့ ရှိတယ်လို့ သိရပါတယ်။

နိုင်ငံတကာ ကမ္ဘာ့ရွှေဈေးကွက်မှာ မြန်မာ့ရွှေကို ကမ္ဘာ့ဈေးနဲ့ ရောင်းလို့ရအောင် စံချိန်စံညွှန်း ဓာတ်ခွဲခန်းတွေ တည်ထောင်ပြီး လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ YGEA က ဆိုထားပါတယ်။

ပြည်တွင်းမှာ ရွှေလုပ်ငန်း လုပ်ကိုင်နေသူတယောက်ကတော့ အခုလို နိုင်ငံတကာမှာ ရောင်းဝယ်လုပ်နိုင်ဖို့ အရင်ကတည်းက ပြောခဲ့ကြပြီးတော့ ဒါက အလုပ်မဖြစ်နိုင်ဘူးလို့ DVB ကို ပြောပါတယ်။

“export၊ import လုပ်ဖို့ကတော့ သူတို့ ပြောနေတာကတော့ ကြာလှရှိပါပြီ။ ဟိုးလွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကတည်းက ကြိုးစားနေတာ၊ လုပ်လို့ကို အဆင်မပြေဘူးလေ။ သူတို့ ဈေးနှုန်းအနေအထားနဲ့ရော ဈေးနှုန်းအတက်အကျတွေ၊ ရွှေဈေးက အပြောင်းအလဲ အရမ်းမြန်တာတွေ‌ရော၊ ISO ရတဲ့ ဓာတ်ခွဲခန်းတွေ ဘာတွေလုပ်ဖို့တို့ ဘာတို့ အဲ့ဒါတွေ လုပ်လိုက်ရင်လည်း အလုပ်ဖြစ်စရာတော့ မရှိပါဘူးခင်ဗျ။”

လတ်တလော ပြည်တွင်း ရွှေဈေးကွက်ထဲမှာတော့ ရွှေတုံးအရောင်းအဝယ်ရော၊ ရွှေဆိုင်အရောင်းအဝယ်တွေ အကုန်လုံးက အရောင်းအဝယ် အေးနေပြီး သတ်မှတ်ဈေးက နိမ့်နေတော့ အကုန်လုံးက ခိုးကြောင်ခိုးဝှက်နဲ့ လုပ်နေရတယ်လို့လည်း သူက ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့ မနက် ၁၀ နာရီထိ ရွှေဈေးနှုန်းတွေကတော့ ၁၅ ပဲရည် တကျပ်သားကို ၅၇၅၀၀၀ ကျပ်၊ ၁၆ ပဲရည်တကျပ်သား ၆၁၀၀၀၀ ရှိပြီး YGEA ရည်ညွှန်းဈေးကတော့ ၁၆ ပဲရည်တကျပ်သား ၅၃၀၀၀၀ ကျပ်ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကတော့ တအောင်စကို အမေရိကန် ၂၆၃၃ ဒေါ်လာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013