DVB Logo
Home
နိုင်ငံတကာ
သမ္မတကတော်ကို အထူးစုံစမ်းစစ်ဆေးမည့် ဥပဒေကြမ်းကို တောင်ကိုရီးယား လွှတ်တော် ပယ်ချ
DVB
·
December 8, 2024
သမ္မတကတော်ကို အထူးစုံစမ်းစစ်ဆေးမည့် ဥပဒေကြမ်းကို တောင်ကိုရီးယား လွှတ်တော် ပယ်ချ
Donate to DVB

တောင်ကိုရီးယားနိုင်ငံရဲ့ အတိုက်အခံဦးဆောင်တဲ့ လွှတ်တော်က သမ္မတကတော် ဂင်မ်ဂယုံဟီးကို အထူးစုံစမ်းစစ်ဆေးဖို့အဆိုပြုတဲ့ ဥပဒေမူကြမ်းကို ဒီဇင်ဘာ ၇ ရက် စနေနေ့မှာ ပယ်ချလိုက်ပါတယ်။ 

သမ္မတ ယွန်းဆုခ်ယိုးလ်ကို မဲဆန္ဒပေးဖို့ စွပ်စွဲပြစ်တင်မှု ဥပဒေကြမ်း မတင်ခင်  ညနေ ၅ နာရီလောက်က လွှတ်တော်အစည်းအဝေးစတင်ပြီးနောက် မကြာမီ ပြန်လည်မဲပေးခဲ့တာကို ရုပ်မြင်သံကြားမှာ ပြသခဲ့ပါတယ်။ 

စုစုပေါင်း မဲ ၃၀၀ မှာ ထောက်ခံမဲ ၁၉၈ မဲနဲ့ ကန့်ကွက်မဲ ၁၀၂ မဲ ပယ်ချကြောင်း တောင်ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဝူဝမ်ရှစ် ကြေညာသွားပါတယ်။

သမ္မတကတော် ဂင်မ်ကို သင်းအုပ်ဆရာဆီမှ ခရစ္စတီယန် ဒီအော လက်ကိုင်အိတ်လို လက်ဆောင်တွေ လက်ခံတာနဲ့ တောင်ကိုရီးယားရှိ BMW အရောင်းကိုယ်စားလှယ် ဒွိုက်ရှ်မော်တော်စ်မှာ စတော့ရှယ်ယာတွေကို ကြိုးကိုင်ခြယ်လှယ်တာ အပါအဝင် များပြားလှတဲ့ စွပ်စွဲမှုတွေမှာ ပါဝင်ပတ်သက်နေတာပါ။

သမ္မတယွန်းဟာ ဒီစွပ်စွဲချက်တွေအတွက် စိတ်ပူပင်ရမှုအတွက် လူသိရှင်ကြား  တောင်းပန်ခဲ့ပြီး ဖြစ်ပေမဲ့ ပြီးခဲ့တဲ့လကတော့ ဒီစွပ်စွဲချက်တွေက မှားယွင်းနေပြီး သူ့ဇနီးကို ဆိုးသွမ်းသူ တယောက်အဖြစ် ပုံဖော်နေတာလို့ ဝေဖန်သူတွေကို စွပ်စွဲခဲ့ပါတယ်။

လူကြိုက်မများလှတဲ့ သမ္မတကတော်ဟာ သမ္မတယွန်းအတွက် စိတ်ပျက်စရာ လူကြိုက်များနှုန်း  အဆင့်လျော့ကျရမှုနဲ့ ဧပြီလက သူ့ရဲ့ပြည်သူ့အာဏာပါတီအတွက် အပြတ်အသတ် ရှုံးနိမ့်ခဲ့ရမှုတွေရဲ့ အဓိက အကြောင်းရင်းအဖြစ် အခိုင်အမာ ပြောဆိုနေကြတာပါ။

ပြီးခဲ့တဲ့လနှောင်းပိုင်းက သမ္မတ ယွန်းဆုခ်ယိုးလ်ဟာ သူ့ဇနီး သမ္မတကတော် ဂင်မ်ဂယုံဟီးနဲ့ ပတ်သက်နေတဲ့ အဂတိလိုက်စားမှုနဲ့ စတော့ရှယ်ယာ ခြယ်လှယ်မှု စွပ်စွဲချက်တွေကို အထူးကောင်စီက စုံစမ်းစစ်ဆေးဖို့ ကြိုးပမ်းနေတဲ့ ဥပဒေကြမ်းကို ဗီတိုအာဏာ သုံးကာ ပယ်ချခဲ့ပြီး ဒါဟာ အတိုက်အခံ ဦးဆောင်တဲ့ ဥပဒေကြမ်းကို ပယ်ချခဲ့တာ ၃ ကြိမ်မြောက် ဖြစ်ပါတယ်။

သမ္မတယွန်းနဲ့ သမ္မတကတော်ဂင်မ်တို့ကို အာဏာရပါတီရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရေး လုပ်ငန်းစဉ်မှာ ဝင်ရောက်စွက်ဖက်ခြင်းနဲ့ အာဏာပွဲစားတယောက်ရဲ့ တောင်းဆိုချက်အရ ၂၀၂၂ ခုနှစ်က ပါလီမန်အတွက် အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတယောက်ကို ရွေးချယ်ရာမှာ ပါတီအပေါ် သြဇာလွှမ်းမိုးမှု ရှိတယ်ဆိုပြီး စွပ်စွဲထားကြတာ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013