DVB Logo
Home
Lead Story
ဦးဆန်းဆင့်ကို ထောင်ဒဏ် ၁၃ နှစ်ချမှတ်
DVB
·
October 17, 2014
ဦးဆန်းဆင့်ကို ထောင်ဒဏ် ၁၃ နှစ်ချမှတ်
1 / 5
Donate to DVB

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ထောင်ဒဏ် ၁၃ နှစ်နဲ့ ငွေဒဏ် ၁ သိန်းချလိုက်ပါတယ်။

ဦးဆန်းဆင့်ကို  ပြည်သူပိုင်ပစ္စည်း အလွဲသုံစားမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉ နဲ့ ၃ နှစ် ၊  နိုင်ငံတော် အကြည်ညိုပျက်စေမှု ၁၂၄ (က) နဲ့ ၁၀ နှစ်ချလိုက်တာပါ။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ တာဝန်ကရပ်စဲခဲ့ပါတယ်။ ဒီနောက် နေပြည်တော်၊ ဥတ္တရသီရိမြို့ ဘုရားကုန်းမြို့မ ရဲစခန်းမှာ ပုဒ်မ ၄၀၉/ ၁၀၉ နဲ့ အမှုဖွင့် အရေးယူထားပြီး ရုံးချိန်း အကြိမ်ကြိမ် ခေါ်ယူပြီးနောက် အခုလို ထောင်ဒဏ်နဲ့ ငွေဒဏ် ချမှတ်လိုက်တာပါ။

ဦးဆန်းဆင့်ကို တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်အနေနဲ့ ပြန်လည်သုံး သပ်ပြီး သက်ညှာစွာစဉ်းစားပေးဖို့ ပြစ်မှုတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုပေးနိုင်ဖို့ ဆရာတော် သံဃာတော်တွေ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးနဲ့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူလူထု ၁၀၀၄ ဦးတို့က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို မေတ္တာရပ်ခံစာတွေ ပေးပို့လာတဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုတရားသူကြီးချုပ်တို့ ထံ သဝဏ်လွှာကို အောက်တိုဘာ ၁၅ ရက်နေ့က ပေးပို့ခဲ့ပါသေးတယ်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ဟာ  ၂ဝ၁ဝ  ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကနေ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မဲဆန္ဒနယ်  တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ်အရွေးခံခဲ့ရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သာသနာရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးခံရသူဖြစ်ပါတယ်။

စစ်အစိုးရလက်ထက်က ရန်ကုန်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး(ဗိုလ်မှူးချုပ်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရာထူးတိုးမြှင့်ခံရကာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် နဲ့ စစ်ရာထူးခန့်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

[gallery ids="68121,68122,68123,68124"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013