DVB Logo
Home
နိုင်ငံတကာ
နော်ထရာဒမ်း ဘုရားကျောင်းကြီး ယနေ့ပြန်လည်ဖွင့်လှစ်မည်
DVB
·
December 7, 2024
နော်ထရာဒမ်း ဘုရားကျောင်းကြီး ယနေ့ပြန်လည်ဖွင့်လှစ်မည်
Donate to DVB

ပြင်သစ်နိုင်ငံ ပါရီမြို့က နာမည်ကျော် နော်ထရာဒမ်း ဘုရားကျောင်းကို မီးလောင်ပြီး ၅ နှစ်ခွဲအကြာ ဒီဇင်ဘာ ၇ ရက်မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ်။

ဖွင့်ပွဲကို ဒီညနေ ၇ နာရီမှာ စတင်ကျင်းပမှာဖြစ်ပြီး၊ သမ္မတ မက်ခရွန်နဲ့ အမေရိကန် သမ္မတလောင်း ထရမ့်၊ ယူကရိန်းသမ္မတ ဇလန်းစကီးအပါအဝင် နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်မှာ ဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၈ ရက် ကစပြီး လာရောက်လည်ပတ်သူတွေအတွက် အခမဲ့ လက်မှတ်တွေ အွန်လိုင်း ကနေ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပါတယ်။ 

၂၀၁၉ ခုနှစ် ဧပြီ ၁၅ ရက်က မီးလောင်မှုကြောင့် ဘုရားကျောင်းရဲ့ ခေါင်မိုးနဲ့ ရုပ်ထုတွေ ပျက်စီးခဲ့ပါတယ်။  

အလယ်ခေတ် ဂေါ့သစ်ပုံစံ ဗိသုကာလက်ရာ တခုဖြစ်တဲ့ နော်ထရာဒမ်း ဘုရားကျောင်းဟာ ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အထင်ကရ အဆောက်အဦး တခုဖြစ်ပါတယ်။  

ပထမဆုံးအုတ်မြစ်ကို ၁၁၆၃ ခုနှစ်မှာ ချခဲ့တာဖြစ်ပြီး နောက်ရာစုနှစ် တခုလုံးလောက် တည်ဆောက် ခဲ့ရပါတယ်။ 

၁၇ ရာစုနဲ့ ၁၈ ရာစုတွေမှာ ကြီးမားတဲ့ ပြန်လည်ပြုပြင်မှုတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။

စာရေးဆရာ ဗစ်တာဟူးဂိုးရဲ့ ၁၈၃၁ ခုနှစ်က ရေးသားခဲ့တဲ့ "The Hunchback of Notre-Dame" ဝတ္ထုရဲ့ နောက်ခံအဖြစ် နော့ထရာဒမ်းကို အသုံးပြုခဲ့တာကြောင့် ပါရီမြို့နဲ့ ပြင်သစ်နိုင်ငံရဲ့ သင်္ကေတ တခု ဖြစ်လာခဲ့ပါတယ်။ 

ဇာတ်လိုက် ကွာဆီမိုဒိုကို ဟောလိဝုဒ် ရုပ်ရှင်တွေ၊ ဒစ်စနီ ကာတွန်းနဲ့ ဂီတဖျော်ဖြေပွဲတွေမှာ ပုံဖော်ခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံမှာလည်း  စာရေးဆရာကြီးတက်တိုးက "ခါးကုန်းကြီး" ဆိုတဲ့နာမည်နဲ့  ပြန်ဆို ခဲ့ပါတယ်။ 

ဘုရားကျောင်းကို နှစ်စဉ် ဧည့်သည် ၁၄ သန်းကနေ ၁၅ သန်းအထိ လာရောက်လည်ပတ်မယ်လို့ ခန့်မှန်းထားပါတယ်။ 

ဘုရားကျောင်းကို ပြန်လည်ပြုပြင်ဖို့ ပြင်သစ် သူဌေးကြီးတွေအပါအဝင် ကမ္ဘာတဝန်းက ယူရို ၈၄၀ သန်း (ဒေါ်လာ ၈၈၈ သန်း) လှူဒါန်းခဲ့ကြပါတယ်။ ပြုပြင်မွမ်းမံမှုတွေကြောင့် အရင်ကထက် တောင် ပိုလှပတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013