DVB Logo
Home
မြန်မာသတင်း
ဗန်းမော်၊ မံစီ ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများ ထိခိုက်သေဆုံး
DVB
·
December 6, 2024
ဗန်းမော်၊ မံစီ ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများ ထိခိုက်သေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ မံစီ ဝန်းကျင်မှာ ဒီနေ့ ဒီဇင်ဘာ ၆ ရက်မှာလည်း တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

KIA ရှေ့တန်းနဲ့ နီးစပ်သူတယောက်က “ဗန်းမော်၊ မံစီ ဝန်းကျင် ဒီနေ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာလည်း အဆက်မပြတ် တိုက်ပွဲ ပြင်းထန်နေတုန်းပဲ။ စစ်ကောင်စီတွေက မြို့ထဲက နေအိမ်အမြင့်တွေပေါ် နေရာယူပြီး ပြန်ပစ်နေတယ်။ ပြည်သူ ၁၀ ဦးကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က တနေရာတည်း အင်အားစုလိုက်ကြပြီး စုပေါင်း ခုခံနေကြသလို လေကြောင်းနဲ့လည်း အဆက်မပြတ် ဗုံးလာကြဲနေတယ်လို့ သူက ပြောပါတယ်။

“မြို့ထဲမှာ ဆိုင်တွေ အကုန်ပိတ်သွားပြီ။ အသွားအလာ အတော်ခက်ခဲသွားပြီ။ တချို့က နေအိမ်တွေထဲမှာ၊ တချို့က လုံခြုံတယ်လို့ ယူဆရတဲ့ နေအိမ်မှာ စု နေနေကြတယ်။”

ပြည်သူ ၁၀ ယောက်ကျော် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေပြီး ဒေသခံပြည်သူတွေ ထွက်လာဖို့ လမ်းပိတ်ထားတာကြောင့် ပြည်သူသောင်းချီ ပိတ်မိနေဆဲ ဖြစ်တယ်လို့ သူက ထပ်မံရှင်းပြပါတယ်။

မြို့ထဲပိတ်မိနေတဲ့ ပြည်သူတချို့တော့ ထွက်လာနိုင်ဖို့ ကြိုးစားနေကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ပိတ်မိနေတဲ့ပြည်သူတွေ ဒီနေ့ (ဒီဇင်ဘာလ ၆ ရက်နေ့) ထွက်ဖို့ ပြင်ဆင်နေတယ်။ ကြက်ခြေနီကား၊ UN ကား၊ သုညသုခ ပရဟိတ ကားတွေရော အားလုံး ကားအစီး ၁၀၀ ကျော် မြို့ခံပြည်သူတွေ ရှောင်ဖို့ ပြင်နေတယ်။”

ဒရုန်းတွေလည်း ပလူပျံနေပြီး လေယာဉ်နဲ့လည်း ဗုံးတွေ တရစပ် လာကြဲနေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့မှာတော့ စစ်ကောင်စီ နေရာယူ ခုခံနေတဲ့ ၅ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အလင်း၀င်သူတွေလည်း ရှိကြောင်း၊ စစ်ကောင်စီဘက်ကတော့ စကခ ၂၁ ကို Y12 လေယာဉ်နဲ့ ခဲယမ်းထုပ်တွေ ချပေးနေတာ တွေ့ရကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ထိုးစစ်စတင်ခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်ကလည်း မံစီကနေ ဗန်းမော်မြို့ အ၀င်ဘက်က ခလရ - ၄၇ ဖန်းခါးကုန်းဂိတ်စခန်းနဲ့ ညောင်ပင်သာစခန်း အပါအဝင် စစ်ကောင်စီရဲ့ ကာကင်းတပ်စခန်း ၁၀ နေရာကျော်၊ တက္ကသိုလ်ကျောင်းတကျောင်းနဲ့ ရွာ ၈ ရွာ၊ သံချပ်ကာကားတစီး သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013