DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းမီးသတ်စခန်းတွင် သမိုင်းဝင်အဆောက်အအုံ ကမ္ပည်းပြား တပ်ဆင်
DVB
·
October 17, 2014
ရန်ကုန်တိုင်းမီးသတ်စခန်းတွင် သမိုင်းဝင်အဆောက်အအုံ ကမ္ပည်းပြား တပ်ဆင်
1 / 4
Donate to DVB

ရန်ကုန်မြို့ရဲ့ သမိုင်းမှာ အရေးပါခဲ့တဲ့လူပုဂ္ဂိုလ်နဲ့ အဆောက်အအုံတွေကို သမိုင်းကြောင်း ဖော်ပြ ရေးထိုးထားတဲ့ အပြာရောင်ကမ္ပည်း ၄ ခုမြောက်အဖြစ် ရန်ကုန်တိုင်းမီးသတ်စခန်းမှာ မနေ့က တပ်ဆင်ခဲ့ပါတယ်။

ရန်ကုန်ရဲ့ ပထမဆုံး မီသတ်တပ်ဖွဲ့ကို စိန့်ပေါနဲ့ စိန့်ဂျွန်က ကျောင်းသားတွေရဲ့ အရန် အင်အားနဲ့ ၁၈၈၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး ၁၈၉၆ ခုနှစ်မှာတော့ အချိန်ပြည့်လခစား မီသတ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

ဆူးလေဘုရားလမ်းပေါ်က လက်ရှိ မီးသတ်ဌာန အဆောက်အအုံကိုတော့ ၁၉၁၂ ခုနှစ်မှာ ဆောက်လုပ် ပြီးစီးခဲ့တာပါ။

ရန်ကုန်မြို့ရဲ့ ပထမဆုံး အပြာရောင်ကမ္ပည်းပြားကို ရန်ကုန်မြို့တော်ခန်းမမှာ တပ်ဆင်ခဲ့ပြီး ဧရာဝတီဘဏ်ရုံးချုပ်နဲ့ အာမေးနီးယန်း ဘုရားရှိခိုးကျောင်းတွေမှာ တပ်ဆင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ရန်ကုန်မြို့ပြထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ Royal Philips ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကမ္ပည်းပြားတွေကို ထူးခြား ဗိသုကာ လက်ရာရှိတဲ့ အဆောက်အအုံတွေ၊ ထင်ရှားကျော်ကြားသူတွေရဲ့ နေအိမ်တွေ အပါအ၀င် သမိုင်းအတွက်အရေးပါတဲ့ အဆောက်အအုံတွေမှာ ဆက်လက်တပ်ဆင်သွားမယ်လို့ ရပါတယ်။

[gallery ids="68087,68088,68089,68090"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013