DVB Logo
Home
မြန်မာသတင်း
အာဆီယံ စီးပွားရေးဆု မြန်မာကုမ္ပဏီ ၆ ခုရရှိ
DVB
·
October 17, 2014
အာဆီယံ စီးပွားရေးဆု မြန်မာကုမ္ပဏီ ၆ ခုရရှိ
Donate to DVB

အာဆီယံစီးပွားရေးဆု (ASEAN Business Award) အတွက် မြန်မာနိုင်ငံအဆင့်ထူးချွန်ဆုကို မြန်မာကုမ္ပဏီ ၆ ခု ဆွတ်ခူးရရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်က သတင်းထုတ်ပြန်ပါတယ်။

အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးနဲ့ အာဆီယံဒေသတွင်း ထူးချွန်တဲ့ စီးပွားရေးလုပ်ငန်းတွေကို မီးမောင်းထိုးမြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး  အာဆီယံစီးပွားရေးအကြံပေးကောင်စီက ဒီဆုကို ၂၀၀၇ ခုနှစ်ကစပြီး ပေးခဲ့တာပါ။

ASEAN Business Awardဒီဆုတွေကို  မြန်မာနိုင်ငံက ကဏ္ဍ ၆ ခုစလုံးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ ရာ နိုင်ငံအဆင့် ထူးချွန်ဆုရရှိတဲ့   ကုမ္ပဏီတွေကတော့   လုပ်ငန်းစီမံအုပ်ချုပ်မှု ထူးချွန်ကောင်းမွန်ခြင်း ထူးချွန်ဆုကို Kanbawza Bank၊ ဆန်းသစ်တီထွင်ခြင်း ထူးချွန်ဆုကို      FAME ဆေးဝါးထုတ် လုပ်ရေးလုပ်ငန်း၊ အာဆီယံဒေသကြီးတခုလုံးမှာ   ပျံ့နှံ့စွာ လုပ်ကိုင်နိုင်ခြင်း ထူးချွန်ဆုကို Myanmar Airways International၊ အသေးစားနဲ့  အလတ်စား စီးပွားရေးလုပ်ငန်းများထူးချွန်ဆုကို Kelvin Chia Yangon၊ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ထူးချွန်ဆုကို Blue Ocean Operating Management Co., Ltd. က ရရှိပြီး   အမျိုးသမီး ခေါင်းဆောင်များ ထူးချွန်ဆုကို City Mart Holding Co., Ltd. တို့က ရရှိခဲ့ပါတယ်။

အာဆီယံစီးပွားရေးဆုအတွက် ၂၀၁၄ ခုနှစ် မေ ရက်နေ့ကနေ  ဇူလိုင် ၁၅ ရက်နေ့အထိ အာဆီယံစီးပွားရေးလုပ်ငန်းရှင်တွေက သက်ဆိုင်ရာကဏ္ဍအလိုက် Online ကနေ တဆင့် လျှောက်ထားခဲ့ကြပြီး ဆုတွေကိုတော့  အာဆီယံနိုင်ငံတခုကို ဒိုင်လူကြီး ၁ ဦးစီ ပါဝင်တဲ့  ဒိုင်လူကြီး ၁၀ ဦးပါအဖွဲ့က ရန်ကုန်မြို့မှာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013