DVB Logo
Home
မြန်မာသတင်း
စစ်တမ်းအရ ဂျပန်ကားများကို အကြိုက်များ
DVB
·
October 17, 2014
စစ်တမ်းအရ ဂျပန်ကားများကို အကြိုက်များ
Donate to DVB

မြန်မာနိုင်ငံသားတွေဟာ ဂျပန်နိုင်ငံထုတ် တိုယိုတာကားအမျိုးအစားကို အကြိုက်နှစ်သက်ဆုံး ဖြစ်တယ်လို့ အွန်လိုင်းမော်တော်ယာဉ် ရောင်းဝယ်ရေး Motor.com ရဲ့ စစ်တမ်းကောက်ယူ သုတေသန ပြု ဖော်ပြချက်အရ သိရပါတယ်။

1014416_356893727811398_8810118867177283211_nမြန်မာနိုင်ငံသားတွေရဲ့ ၅၃ ရာခိုင်နှုန်းဟာ တိုယိုတာကားကို အကြိုက်ဆုံး ဖြစ်ပြီး ၁၁ ရာခိုင်နှုန်းက ဟွန်ဒါအမျိုးအစား ကားကို အကြိုက်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

၈ ရာခိုင်နှုန်းက ဂျပန်နိုင်ငံထုတ် နစ်ဆန်းကားကို အကြိုက်ဆုံးဖြစ်ပြီး ကိုရီးယားထုတ် ဟွန်ဒိုင်းကားတွေကိုတော့ ကြိုက်နှစ်သက်သူ ၇ ရာခိုင်နှုန်းနဲ့ စတုတ္တအဆင့်နေရာမှာ ဖော်ပြထားပါတယ်။

Motor.com ဟာ ပြည်တွင်းက တဦးချင်း ကားရောင်းဝယ်သူတွေနဲ့ ကားအရောင်းပြခန်းတွေကို ချိတ်ဆက်ပြီး ဒီ စစ်တမ်း ကောက်ယူထားတယ်လို့ ဖော်ပြထားပါတယ်။

စစ်တမ်းအရ မြန်မာနိုင်ငံသားတွေဟာ ဂျပန်ကားတွေကို ကြိုက်သူ ၈၅ ရာခိုင်နှုန်း ရှိပြီး တောင်ကိုရီးယားကားတွေကို ကြိုက်သူက ၁၀ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013