DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်မှုမရသဖြင့် သေဆုံးသူတိုးလာ
DVB
·
December 4, 2024
နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်မှုမရသဖြင့် သေဆုံးသူတိုးလာ
Donate to DVB

မြန်မာပြည်တွင်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာ မရရှိတဲ့အတွက် သေဆုံးသူ အရေအတွက် တိုးလာတယ်လို့ အကျဉ်းသားအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အကျဉ်းထောင်တွေအတွင်းမှာ အကျဉ်းသားတွေဟာ ပုံစံမျိုးစုံနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရပြီး ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းတာနဲ့ ပြင်ပဆေးရုံတွေမှာ ဆေးကုသခွင့် ပိတ်ပင်ထားတဲ့အတွက် သေဆုံးသူတွေ ပိုများလာတယ်လို့ အကျဉ်းသားအခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက် ညနေ ၆ နာရီခွဲမှာ သေဒဏ်ချခံထားရတဲ့ သံလျင်ရေတပ်က နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦး ကျောက်ကပ်ရောဂါဝေဒနာနဲ့ အဆုတ်ရေဝိုင်းရောဂါတွေကို ခံစားခဲ့ရပြီး အင်းစိန်ထောင်တွင်းမှာ ကွယ်လွန်ခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးသိုက်ထွန်းက “စစ်တပ်အာဏာသိမ်းတဲ့အချိန်မှာ ပြည်သူ့ဘက်ကိုရပ်ပြီး CDM ဝင်လာတဲ့ ပြည်သူ့သူရဲကောင်းတဦး ဖြစ်ပါတယ်။ မတ်လလောက်မှာတင် CDM ဝင်လာတယ်၊ ပြည်သူ့သပိတ်လှုပ်ရှားမှုတွေ တော်လှန်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့တယ်၊ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ လှိုင်သာယာဘက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးလုပ်စဉ်မှာ တပ်မတော်သား ဖြစ်ကြောင်း သိသွားတဲ့အခါမှာ သန်လျင်ရေတပ်ကနေ ခေါ်ဆောင်သွားပြီး ကိုပြည့်စုံဦးကို သေဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်၊ နိုင်ငံရေးအကျဉ်းသားအဖြစ် အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ပြီး နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်မှာ ကျောက်ကပ်ရောဂါဝေဒနာ ခံစားလာရတယ်” လို့ ပြောပါတယ်။

အကျဉ်းထောင်တွေအတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းပြီး လုံလောက်တဲ့ ဆေးဝါးကုသမှု မရရှိကြသလို အရေးကြီး နာမည်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ထောင်ပြင်ပဆေးရုံတွေမှာ ဆေးဝါးကုသဖို့ ကန့်သတ်ပိတ်ပင်ခံထားရတယ်လို့ သိရပါတယ်။

ထောင်တွင်းက မှာရရှိတဲ့ သောက်သုံးရေတွေမှာ ခဲဓာတ် ပါဝင်တဲ့အတွက် အကျဉ်းသားတွေဟာ  အရေပြားယားယံဝေဒနာနဲ့ ခဲဆိပ်သင့်ဝေဒနာတွေကို ခံစားနေကြရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကွန်ရက်တာဝန်ရှိသူတဦးက “အရပ်သား အစိုးရ လက်ထက်မှာတောင်မှ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုက မရဘူး အခုဆိုရင်တော့ ပိုပြီးတော့ ဆိုးဝါးတယ်၊ အကျဉ်းထောင်တွေမှာ ကျန်းမာရေးဝန်ထမ်းအလုံအလောက်မရှိဘူး၊ ဆေးဝါးလုံလောက်မှုမရှိဘူး၊ အကြမ်းဖက်စစ်အုပ်စုက သူတို့ကို ဆန့်ကျင်တော်လှန်တဲ့သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ပဲ ကျန်းမာရေးစောင့်ရှောက်မှုတွေ မပေးတာလို့ သုံးသပ်မိတယ်၊ ဒါမှ သူတို့ဖြစ်စေချင်တဲ့ ပုံစံအတိုင်း ဖြစ်မှာပေါ့လေ။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုက အင်မတန်မှကို ညံ့ဖျင်းတယ်၊ အသက်ပေးဆပ်ခဲ့ရသူတွေလည်း မနည်းတော့ဘူးပေါ့နော်၊ ကိုပြည့်စုံဦး အပါအဝင် အကျဉ်းထောင်အတွင်းမှာ အသက်မသေသင့်ဘဲ သေခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေက အမြောက်အမြားဖြစ်နေပါပြီ” လို့ ပြောပါတယ်။

အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရပြီး ဆေးဝါးကုသခွင့် မရရှိတဲ့အတွက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မှတ်တမ်း ရုပ်ရှင်ဒါရိုက်တာ ဖေမောင်စိမ်း၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဟောင်းဦးဝင်းခိုင်တို့ဟာလည်း အကျဉ်ထောင်တွင်း သေဆုံးခဲ့ရပါတယ်။

အခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလကုန်အထိ အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တဲ့အတွက် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ အနည်းဆုံး ၁၈ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ စာရင်းတွေအရ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013