DVB Logo
Home
နိုင်ငံတကာ
ခရစ္စမတ်သစ်ပင် ၆၀၀ ကျော်ဖြင့် ဂျာမန်မိသားစု ကမ္ဘာ့စံချိန်တင်
DVB
·
December 4, 2024
ခရစ္စမတ်သစ်ပင် ၆၀၀ ကျော်ဖြင့် ဂျာမန်မိသားစု ကမ္ဘာ့စံချိန်တင်
1 / 7
Donate to DVB

ခရစ္စမတ်သစ်ပင်ပေါင်း  ၆၀၅ ပင်နဲ့ နေအိမ် တအိမ်တည်းမှာ  ခရစ္စမတ်သစ်ပင် အလှဆင်မှု အများဆုံးအဖြစ် ဂျာမနီနိုင်ငံရှိ မိသားစုက ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။

ဂျာမနီအနောက်မြောက်ပိုင်းမှာရှိတဲ့ အိမ်တအိမ်မှာ သစ်ပင် ၆၀၅ ပင်၊ အလှဆင်ပစ္စည်း ၁၂၀,၀၀၀၊ မီး ၅၀,၀၀၀၊ ခရစ္စမတ်အရုပ် ထောင်ပေါင်းများစွာနဲ့ ပြုလုပ်ထားတာကို ဂျာမနီစံချိန်သတ်မှတ်ရေး RID က အတည်ပြုပေးခဲ့ပါတယ်။

ခရစ္စမတ်နဲ့ပတ်သက်ပြီး အလှဆင်ရတာကို ချစ်မြတ်နိုးတဲ့ သောမတ်ဂျရိုမင်ဟာ တအိမ်လုံးအပြည့် သန့်စင်ခန်းတွေပါ မချန် ခရစ္စမတ်သစ်ပင်တွေနဲ့ အလှဆင်ခဲ့တာဖြစ်ပါတယ်။

ဂျရိုမင်မိသားစုဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ဒီလိုစံချိန်တင်နိုင်မှုတွေ ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာလည်း ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်က ခရစ္စမတ်သစ်ပင် ၅၅၅ ပင်နဲ့ စံချိန်သစ်တင်နိုင်ခဲ့တဲ့ ဒီမိသားစုဟာ ခရစ္စမတ်သစ်ပင် အလှဆင်မှုစံချိန် ၇ ကြိမ် ရရှိခဲ့ဖူးပါတယ်။

ခရစ္စမတ်သစ်ပင်နဲ့ပတ်သက်ပြီး နောက်ထပ် ထူးခြားတဲ့ သတင်းတပုဒ်အဖြစ် ဥရောပရဲ့ တန်ဖိုးအကြီးဆုံး ခရစ္စမတ်သစ်ပင်ကိုလည်း ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ဒီဇင်ဘာ ၃ ရက်က ပြသခဲ့ပါတယ်။

အမြင့် ၃ မီတာရှိတဲ့ ရွှေနဲ့ပြုလုပ်ထားတဲ့ ခရစ္စမတ်သစ်ပင်က ယူရို ၅ ဒသမ ၂ သန်းကျော် တန်ကြေးရှိပါတယ်။

ခရစ္စမတ်သစ်ပင်ပုံစံ ပြုလုပ်ထားတဲ့ ပုံစံထဲမှာ ဒင်္ဂါး ၁ ပြားကို ၂၀ အောင်စရှိတဲ့ ဗီယင်နာဖီလ်ဟာမိုနစ် အကြွေစေ့တွေနဲ့ အလှဆင်ထားပါတယ်။

ဥရောပရဲ့ တန်ဖိုးအကြီးဆုံး ခရစ္စမတ်သစ်ပင်ကို ရောင်းချမှာ မဟုတ်ဘဲ ဒီဇင်ဘာ ၅ ရက် အထိ ပြသသွားမှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013