DVB Logo
Home
မြန်မာသတင်း
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာ‌‌မေးပွဲကို ပိတ်ရက်မရှိ ဖြေဆိုရမည်
DVB
·
December 4, 2024
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာ‌‌မေးပွဲကို ပိတ်ရက်မရှိ ဖြေဆိုရမည်
Donate to DVB

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်ဇယားအရ စာမေးပွဲဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ပိတ်ရက်မရှိ ဖြေဆိုရမယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လအလယ်မှာ ကျင်းပမှာဖြစ်ပြီး မတ် ၁၇ ရက်မှာ မြန်မာစာ၊ မတ် ၁၈ ရက်မှာ သင်္ချာ၊ မတ် ၁၉ ရက်မှာ အင်္ဂလိပ်စာ၊ မတ် ၂၀ ရက်မှာ ဓာတုဗေဒနဲ့ ပထဝီဝင်၊ မတ် ၂၁ ရက်မှာ ရူပဗေဒနဲ့ သမိုင်း၊ မတ် ၂၂ ရက်မှာ ဇီဝဗေဒနဲ့ ဘောဂဗေဒတို့ ဖြေဆိုရမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန အရာရှိတယောက်က “ဘာသာတွဲအလိုက် တရက်ချင်း ဖြေရမယ်ဆိုရင် ရက်ရှည်သွားတာကို ချုံ့လိုက်တဲ့သဘောပါ။ ကြီးကြပ်သူတွေအတွက်လည်း သက်သာသလို နောက်ဆုံးမှဖြေရတဲ့ ကျောင်းသား ကျောင်းသူတွေလည်း ဆက်တိုက်ဖြေသွားလို့ ရတာပေါ့။ ဒီနှစ်အတွက် စာရင်းဘယ်လောက်ပေးထားလဲ ဆိုတာတော့ မသိနိုင်သေးဘူး။ စစ်ဘေးရှောင် ကျောင်းသား ကျောင်းသူတွေကို လက်ခံပေးဖို့ ရှိပါသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနဟာ စစ်ဘေးရှောင် အခြေခံပညာ ကျောင်းသား ကျောင်းသူတွေနဲ့ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေကို ဖြေလျှော့မှုတွေနဲ့ ကျောင်းတက်ခွင့်၊ ကျောင်းပြောင်းခွင့်တွေ ပေးထားသလို တက္ကသိုလ်စာမေးပွဲ ဖြေဆိုလိုတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း စာမေးပွဲမဖြေခင်အချိန်ထိ လက်ခံနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်မှာ ဖြေဆိုမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာလည်း ကျောင်းသား ကျောင်းသူ တသိန်းကျော်လောက်သာ ဝင်ရောက်ဖြေဆိုနိုင်ချေရှိပြီး ရခိုင်နဲ့ ကယားတို့မှာ အရင်နှစ်ကလိုပဲ စာဖြေသူ ပိုနည်းလာနိုင်ချေရှိတယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့ အရာရှိက ခန့်မှန်းပါတယ်။

အခုနှစ် မတ် ၁၁ ရက်က ကျင်းပခဲ့တဲ့ စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းသား ကျောင်းသူ ၁၄၀,၀၀၀ ကျော် စာရင်းပေးခဲ့ပြီး ၁၂၀,၀၀၀ ‌ဝန်းကျင်သာ ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013