DVB Logo
Home
မြန်မာသတင်း
အိန္ဒိယကို ဆန်တန်ချိန် ၁ လ ၂ သောင်း တင်သွင်းရန်ညှိနှိုင်း
DVB
·
October 17, 2014
အိန္ဒိယကို ဆန်တန်ချိန် ၁ လ ၂ သောင်း တင်သွင်းရန်ညှိနှိုင်း
Donate to DVB

အိန္ဒိယနိုင်ငံအနေနဲ့  မြန်မာနိုင်ငံက  ဆန်တန်ချိန် ၂ သိန်းတင်သွင်း ဖို့ရှိပြီး တလ ဆန်တန်ချိန် ၂ သောင်း တင်သွင်းဖို့ အိန္ဒိယ - မြန်မာနိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက် နေကြပါတယ်။

RICEမြန်မာနယ်စပ်နဲ့ ကပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံ မိဇိုရမ်နဲ့ မဏိပူပြည်နယ်တွေမှာ  လိုအပ်ချက်အရ အိန္ဒိယအစိုးရက  မြန်မာနိုင်ငံကနေ ဆန်တန်ချိန် ၂ သိန်းတင်သွင်းဖို့နဲ့  ၁ လ တန်ချိန် ၂ သောင်း တင်သွင်းဖို့ တင်ဒါ ခေါ်ယူထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာက ၁ လဆန်တန်ချိန် ၂ သောင်တင်သွင်းဖို့ အိန္ဒိယက တင်ဒါ ခေါ်ယူရာမှာ မြန်မာကုန်သည်တွေက တင်သွင်းလာတာ မရှိတဲ့အတွက်  အော်တိုဘာလ ၁၄ ရက်ကနေ့ အိန္ဒိယသံရုံးရဲ့ အတွင်းဝန်က ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါး အသင်းကို သွားရောက်မေးမြန်းခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဆန်တွေကို အိန္ဒိယနိုင်ငံ ဂိုဒေါင်အထိ ပိုရမယ်လို့ ခေါ်ဆိုထားတဲ့ အတွက် မြန်မာနိုင်ငံအနေနဲ့ မသွင်းနိုင်တဲ့အကြောင်းနဲ့ တမူးနယ်စပ်မှာပဲ လက်ခံပေးဖို့ ညှိနှိုင်း ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“ပထမဆုံး တန်ချိန် ၂ သောင်း တင်ဒါခေါ်ခဲ့တယ်။ ပြီးခဲ့တဲ့စက်တင်ဘာလကပေါ့။ မန္တလေးကောင်စစ်ဝန်ရုံးမှာ။ တင်ဒါလာသွင်းတဲ့လူက ကုမ္ပဏီ ၂ ခုပဲရှိတယ်။ သွင်းတဲ့ ဈေးကလည်း တတန်ကို ဒေါ်လာ ၈၀၀ လောက်ဖြစ်တဲ့အတွက် တအားများလွန်းတယ်ပေါ့နော်။ အဲဒါ ဘာကြောင့် မြန်မာတွေက မသွင်းကြလဲ။ ဘာအခက်အခဲရှိလဲ။ အဲဒါသိချင်လို့ လာမေးတယ်။ ကျနော်တို့တင်ပြတဲ့ဟာကတော့ ရောင်းချတဲ့ပုံစံက အိန္ဒိယနိုင်ငံ သူတို့ ဂိုဒေါင်အထို ပို့ပေးရမယ်ဆိုတော့ ကျနော်တို့ မြန်မာ ကုမ္ပဏီတွေက မပို့နိုင်ဘူးပေါ့နော်။ ဒီတမူးနယ်စပ်မှာပဲ လက်ခံပေးဖို့ ကျနော်တို့က ညှိနှိုင်းတယ်။”

အိန္ဒိယတာဝန်ရှိသူတွေအနေနဲ့ မြန်မာဘက်က တောင်းဆိုချက်ကို အိန္ဒိအစိုးရဆီ တင်ပြပြီးရင်တော့ တင်ဒါပြန်ခေါ်ယူဖို့ရှိပြီး မြန်မာအတွက် အဆင်ပြေရင်တော့ တင်ပို့မှု စတင်နိုင်မယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ဒါပေမယ့် တင်ဒါစနစ်နဲ့ခေါ်ယူတာဖြစ်တဲ့အတွက် လောလောဆယ်ဈေးနှုန်း မသတ်မှတ် ထားသေးပါဘူး။

ဒါ့အပြင် အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကို  စပါးခွံကနေ လျှုပ်မီးထုတ်တဲ့စက် ရောင်းလိုတဲ့ အကြောင်းလည်း ကမ်းလှမ်းခဲ့တယ်လို့ ပြောပါတယ်။

“အိန္ဒိယကတော့ သူတို့ဆီက ပေါင်းဆန်စက်တင်သွင်းချင်တယ်။ နောက်တခုက ဆန်းပါး ခွံကနေ လျှပ်စစ်မီးထုတ်တဲ့ဟာပေါ့နော်။ ဒါကိုသူတို့က ရောင်းချင်တယ်ပေါ့။ ကျနော်တို့ဘက် ကတော့ စိတ်ဝင်စားတယ်။ ဒီစက်နဲ့ပတ်သက်လို့ လိုအပ်တဲ့ နမူနာပုံစံ အချက်အလက်တွေပေးဖို့နဲ့ မြန်မာဆန်စပါးဂဏ္ဍတိုးတက်ဖို့ လိုအပ်တဲ့စက်တွေဝယ်ယူဖို့ ဒါကို ကျနော်တို့ ညှိနှိုင်းခဲ့ပါတယ်။ ”

မြန်မာနိုင်ငံအနေနဲ့  ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်မှာ ပြည်ပကို  ဆန်တင်ချိန်  ၁.၄၇ သန်း တင်ပို့ ရောင်းချ နိုင်ခဲ့ပြီး ၀င်ငွေ အမေရိကန် ဒေါ်လာ  ၅၄၄ သန်းရရှိထားပါတယ်။  ၂၀၁၃ - ၁၄ ဘဏ္ဍာ နှစ်မှာတော့  ဆန်တန်ချိန်  ၁.၂၆ သန်းကို တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၀င်ငွေ အမေရိကန်ဒေါ်လာ ၄၆၀ ရရှိပါတယ်။

ဒီ ၂၀၁၄ - ၁၅ ဘဏ္ဍာနှစ်အတွက်ကတော့ ဧပြီလ ၁ ရက်နေ့ကနေ စက်တင်ဘာလအထိ ဆန်တန်ချိန် ၅ သိန်း ၈ သောင်း တင်ပို့ရောင်းချခဲ့ပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းဆီ က စုံစမ်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013