DVB Logo
Home
မြန်မာသတင်း
၅ နှစ်တကြိမ် သက်တမ်းတိုးရမည့် ပုံနှိပ်ထုတ်ဝေနည်းဥပဒေ ထုတ်ပြန်
DVB
·
October 16, 2014
၅ နှစ်တကြိမ် သက်တမ်းတိုးရမည့် ပုံနှိပ်ထုတ်ဝေနည်းဥပဒေ ထုတ်ပြန်
1 / 2
Donate to DVB

ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာ၊ ဂျာနယ်နဲ့ သတင်းအေဂျင်စီတို့  ၅ နှစ်တကြိမ်သာ သက်တမ်းတိုးရမယ့် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းနည်းဥပဒေကို ထုတ်ပြန်လိုက်ပါတယ်။

အရင် ၆ လတကြိမ်၊  ၁ နှစ်တကြိမ် သက်တမ်းတိုးရတဲ့ အချက်တွေကို ပြင်ဆင်ထားတဲ့ နည်းဥပဒေသစ်ဖြစ်ပြီး သက်သာဖြေလျော့ပေးထားတဲ့ အချက်တချို့ကို  ပြန်ကြားရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက အခုလို ပြောပါတယ်။

journal"အရင်တုန်းက ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လာလျှောက်ရင် ယာယီဆိုတာ အရင်ထုတ်ပေးတယ်။ စောင့်ကြည့်ပြီး ၆ လ၊ ၁ နှစ်ကြာမှ အမြဲတမ်းထုတ်ဝေခွင့်ပေးတယ်။ အခုကတော့ တခါတည်း အမြဲတမ်းပေးလိုက်တဲ့သဘောပေါ့။ အရင်တုန်းက ယာယီဆိုရင် ၆ လတကြိမ် သက်တမ်းတိုးရတယ်၊ အမြဲတမ်းဆိုရင် ၁ နှစ်တကြိမ် သက်တမ်းတိုးရတယ်။ အခုက ၅ နှစ်သက်တမ်း၊ ၅ နှစ်ကြာမှ နောက်ထပ်သက်တမ်းတိုးရမယ်။ အရင်တုန်းက ပုံနှိပ်စက်တွေဆိုရင် ပထမတန်းစား၊ ဒုတိယတန်းစား တတိယတန်းစားဆိုပြီးခွဲတယ်။ အခု မရှိတော့ဘူး။ အရင်ပုံနှိပ်ခြင်း လုပ်ငန်းတခု လာလျှောက်ရင် ပထမတန်းစားဆို ၁ သိန်း ဒုတိယတန်းစားဆို ၆ သောင်း၊ တတိယတန်းစားဆို ၂ သောင်းပေါ့။ အခုက ၅ သောင်းကောက်လိုက်ပြီးတော့ ၅ နှစ်စာ တခါတည်း တန်းပေးလိုက်တာ။ ပျမ်းမျှ ၁ နှစ် ၁ သောင်းလောက်ပဲ ကျတော့တာပေါ့။"

မြန်မာတိုင်မ်းဂျာနယ်၊ အယ်ဒီတာတဦးဖြစ်တဲ့ ဦးသီဟစောက  အခု ထွက်လာတဲ့ ပုံနှိပ်ထုတ်ဝေနည်းဥပဒေဟာ အရင်ကထက်စာရင် လုပ်ရကိုင်ရလွယ်လာတယ်လို့ မှတ်ချက်ပေး ပြောပါတယ်။

"အဓိကအချက်ကတော့ သူတို့က လိုင်စင်ကိုတော့ ကိုင်ထားချင်သေးတယ်။ ထုတ်ဝေခွင့်တင်တဲ့အခါ နေပြည်တော် လာပြီးတင်တာမျိုးမဟုတ်တော့ဘဲ ခရိုင်ရုံးတွေမှာ တင်လို့ရတာမျိုး၊ အွန်လိုင်းက တင်လို့ရတာမျိုးတွေ ပါလာတယ်။ အရင်ထက်စာရင်တော့ လွယ်လွယ်ကူကူ သက်သက်သာသာ ဖြစ်လာတာပေါ့လေ။ အရင်တုန်းက ဆိုးတာက လိုင်စင်ကို သူတို့က အလွယ်တကူ သိမ်းလိုက်လို့ရတယ်။ အခုကတော့ တရားရုံးအထိ သွားလို့ရတယ်၊ ကျနော်တို့လိုချင်တာ ၁၀၀ ရာခိုင်နှုန်းတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ၆၀-၇၀ ရာခိုင်နှုန်းလောက်ရတယ်လို့တော့ ပြောလို့ရပါတယ်။ အရင်ထက်စာရင်တော့ လုပ်သာကိုင်သာ ပိုရှိပါတယ်။"

အခုထွက်ပေါ်လာတဲ့ ပုံနှိပ်ထုတ်ဝေနည်းဥပဒေအရ သတင်းစာ၊ ဂျာနယ်နဲ့ သတင်းအေဂျင်စီ ထုတ်ဝေထူထောင်လို သူဟာ ငွေကျပ် ၅၀၀၀၀ သောင်းနဲ့ ၀န်ကြီးဌာနကို လျှောက်ထားလာရင် ၀န်ကြီးဌာနက ၂၁ ရက်အတွင်း ခွင့်ပြုမပြု အကြောင်းပြန်ရမှာ ဖြစ်ပါတယ်။

ဘဏ်မှာ ငွေကျပ် ၅၀၀၀၀ သွင်းထားတဲ့ ချလန် ၀န်ကြီးဌာနကိုရောက်ရင် ဌာနက ၃ ရက်အတွင်း အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရမှာလည်း ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းနည်းဥပဒေကို စာနယ်ဇင်းကောင်စီ(ယာယီ)ကတင်တဲ့ မီဒီယာဥပဒေနဲ့အပြိုင် လွှတ်တော်တင်ခဲ့တာဖြစ်ပြီး အခု ထွက်လာတဲ့ ပုံနှိပ်ထုတ်ဝေနည်းဥပဒေကလည်း မီဒီယာနည်းဥပဒေထွက်မလာခင် ရက်ပိုင်းအတွင်း စောထွက်ခဲ့တာ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူနဲ့ထုတ်ဝေသူများ နည်းဥပဒေကိုတော့ အခု ပုံနှိပ်ထုတ်ဝေနည်း ဥပဒေနဲ့ဖျက်သိမ်းလိုက်ပြီ  ဖြစ်ပါတယ်။

လတ်တလော ပြည်တွင်းမှာ ပုဂ္ဂလိက သတင်းစာအစောင်၂၀၊ ဂျာနယ် ၃၆၀ ကျော်နဲ့ မဂ္ဂဇင်း ၂၉၀ ကျော် ထုတ်ဝေခွင့်ပြုထားပြီး သတင်းအေဂျင်စီကတော့ တခုမှ ခွင့်ပြုထားတာ မရှိသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013