DVB Logo
Home
နိုင်ငံတကာ
သားကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုအပေါ်  ပြည်သူများနားလည်မည်ဟု သမ္မတ ဘိုင်ဒင် မျှော်လင့်
DVB
·
December 2, 2024
သားကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုအပေါ်  ပြည်သူများနားလည်မည်ဟု သမ္မတ ဘိုင်ဒင် မျှော်လင့်
Donate to DVB

သားဖြစ်သူ ဟန်တာဘိုင်ဒင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်သူတွေ နားလည်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

ရာဇဝတ်မှု ၂ ခုကြောင့် ပြစ်ဒဏ်ချမှတ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဟန်တာကို တရားဝင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ဘိုင်ဒင်က ကြေညာခဲ့တာပါ။

ဟန်တာဘိုင်ဒင်ဟာ စက်တင်ဘာလက အခွန်တိမ်းရှောင်ခဲ့မှုအတွက် အသနားခံလွှာတင်ခဲ့ပြီး ဇွန်လက မူးယစ်ဆေးသုံးစွဲထားချိန် လက်နက်ကိုင်ဆောင်ထားမှုတွေကြောင့် ပြစ်ဒဏ်ချမှတ်ခံရမယ့် အရေးတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဟန်တာဘိုင်ဒင်ဟာ စက်တင်ဘာလက ပြည်နယ်အခွန်မဆောင်ခဲ့မှုကြောင့် ထောင်ဒဏ် ၁၇ နှစ် ကျခံရမယ့်အရေးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒီလိုစွပ်စွဲချက်တွေရှိတာက အမေရိကန်သမ္မတတွေရဲ့ သားသမီးတွေထဲမှာ ပထမဆုံးပဲ ဖြစ်ပါတယ်။

ဟန်တာဘိုင်ဒင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က “ဂျိုးက ဟန်တာကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာက ဇန်နဝါရီ ၆ ရက်က ဖမ်းထားတဲ့သူတွေပါလား။ အဲဒီတုန်းက အဖမ်းခံရသူတွေက နှစ်အကြာကြီး ထောင်ထဲ ရောက်နေပါတယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ တရားမျှတမှုကို အလွဲသုံးစားလုပ်ခြင်းနဲ့ တရားဥပဒေပျက်စီးအောင် လုပ်ခြင်းပါပဲ” လို့ တုံ့ပြန်ခဲ့ပါတယ်။

ဘိုင်ဒင်က သူ့သားရဲ့ ပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီး သက်ညှာမှုပေးမှာ မဟုတ်ဘူးလို ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက်မှာ ချွင်းချက်မရှိ အပြည့်အဝ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဘိုင်ဒင်က သားဖြစ်သူရဲ့ ပြစ်ဒဏ်ကို သက်ညှာမှာမဟုတ်ကြောင်း အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ တနင်္ဂနွေနေ့ညနေမှာ ဘိုင်ဒင်က “နိုင်ငံရေးတွေက ဟန်တာရဲ့ကိစ္စတွေကို သက်ရောက်မှု ဖြစ်စေပါတယ်။ ဒီအချက်ကလည်း တရားမျှတမှုအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။ သမ္မတတာဝန်ယူပြီးချိန်ကတည်းက တရားရေးဌာနရဲ့ ဆုံးဖြတ်ချက်ကို ဝင်စွက်ဖက်တာမျိုး မလုပ်ခဲ့ဖူးပါဘူး။ ကျနော့်သားကို မမျှမတ စွပ်စွဲနေချိန်မှာလည်း ကျနော့်စကားကို တည်ခဲ့ပါတယ်။ ဒီတပတ်မှာတော့ ကျနော် ဆုံးဖြတ်ချက်တခု ချခဲ့ပါတယ်။ အဖေတယောက်၊ သမ္မတတယောက်အနေနဲ့ ဒီလိုဆုံးဖြတ်ချက်မျိုး ချတာကို အမေရိကန်တွေ နားလည်မယ်လို့ ကျနော်မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

အမေရိကန်သမ္မတ တယောက်က မိသားစုဝင်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာက ပထမဆုံး မဟုတ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

၁၉၈၅ ခုနှစ်က သမ္မတ ဘီလ်ကလင်တင်ဟာ ညီဖြစ်သူ ရော်ဂျာကလင်တန်ကို ကိုကင်းအမှုကနေ ၂၀၀၁ ခုနှစ်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

၂၀၂၀ ခုနှစ်တုန်းကလည်း ထရမ့်ပ်က သမီးဖြစ်သူရဲ့ ယောက္ခမဖြစ်သူ ချားလ်စ်ကပ်ရှ်နားကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ဖူးပါတယ်။ထရမ့်ပ်ဟာ ကပ်ရှ်နားကို ပြင်သစ်သံအမတ်ကြီးအဖြစ် မကြာခင်ကပဲ ရွေးချယ်ခဲ့တာ တွေ့ရပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013