DVB Logo
Home
မြန်မာသတင်း
မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်ရေး အစွမ်းကုန်ကြိုးပမ်းမည်ဟု NUG၊ KNU၊ KNPP နှင့် CNF တို့ ပူးတွဲထုတ်ပြန်
DVB
·
December 1, 2024
မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်ရေး အစွမ်းကုန်ကြိုးပမ်းမည်ဟု NUG၊ KNU၊ KNPP နှင့် CNF တို့ ပူးတွဲထုတ်ပြန်
Donate to DVB

ICC က ဖမ်းဝရမ်းထုတ်ခံရမဲ့ တရားခံ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး အစွမ်းကုန်အရှိန်မြှင့်ကြိုးပမ်းအားထုတ်သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ ချင်းအမျိုးသားတပ်ဦးတို့ ပူးတွဲ ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့က ပူးတွဲထုတ်ပြန်ကြတာဖြစ်ပြီး အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ ပတ်သက်ဆက်စပ်သူအားလုံးဟာ ပျက်စီးဆုံးရှုံးတာတွေကိုပဲ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ ကြရမယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ်က ICC ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်နေ့က လျှောက်ထားလိုက်တာကို သိရှိရပြီး ဒါကို ကြိုဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအခြေအနေဟာ မြန်မာ့တပ်မတော်သမိုင်းမှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု တရားခံအဖြစ် နိုင်ငံတကာတရားရုံးတခုရဲ့ ဖမ်းဝရမ်းထုတ်ဖို့ ပထမဆုံး လျှောက်ထား ခံရတာဖြစ်ပြီး မြန်မာ့တပ်မတော်အပါအဝင် မြန်မာနိုင်ငံရဲ့လုံခြုံရေးစနစ်၊ တရားရေးစနစ်၊ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲဖို့ အရေးပေါ်လိုအပ်နေတယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ပတ်သက်ဆက်စပ်သူအားလုံးဟာ ပျက်စီးဆုံးရှုံးတာတွေကိုပဲ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရမှာဖြစ်လို့ စစ်တပ်ထဲက တပ်မတော်သားအားလုံးအနေနဲ့ တပ်မတော်ကို လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုအတွက် တာဝန်ရှိသူ မင်းအောင်လှိုင်ရဲ့လက်ထဲက ပြန်လည်ကယ်တင်ဖို့၊ ပြည်သူလူထုကလိုလားတဲ့ နိုင်ငံရေးနဲ့ ပတ်သက်မှုမရှိတဲ့၊ ပြည်သူလူထုကို အကာအကွယ်ပေးတဲ့ အကျိုးပြုတပ်မတော်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံမူတွေနဲ့အညီ လုံခြုံရေးကဏ္ဍအသစ်ကို ဆောင်ရွက်ကြဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝန်းကလည်း အကြမ်းဖက် စစ်ခေါင်းဆောင်ဦးဆောင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပုံစံအမျိုးမျိုးနဲ့ပြုလုပ်နေတဲ့ ဆက်ဆံရေးတွေကြောင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်ပွားတာကို အားပေးသလို မဖြစ်အောင် သတိမူကြဖို့လိုလာပြီလို့လည်း ဆိုပါတယ်။

ပြီးတော့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံရမဲ့တရားခံကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး၊ အလားတူ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုလည်းဖော်ထုတ်ပြီး နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ ICC၊ ICJ စတဲ့ နိုင်ငံတကာတရားစီရင်ရေးယန္တရားတွေကတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် အစွမ်းကုန်အရှိန်မြှင့် ကြိုးပမ်းအားထုတ်သွားမယ်လို့လည်း ပူးတွဲထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013