DVB Logo
Home
Lead Story
ထုတ်ဝေခွင့်လက်မှတ်များ ပြန်လျှောက်ထားနိုင်ပြီ
DVB
·
October 16, 2014
ထုတ်ဝေခွင့်လက်မှတ်များ ပြန်လျှောက်ထားနိုင်ပြီ
Donate to DVB

ပြန်ကြားရေးဝန်ကြီးဌာနဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း နည်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီ ဖြစ်တာကြောင့် နဂိုက ဆိုင်းငံ့ထားခဲ့တဲ့ ထုတ်ဝေခွင့် လက်မှတ်တွေ ပြန်လည် ထုတ်ယူနိုင်ပြီလို့ ဒီကနေ့ ကြေညာပါတယ်။

A woman arranges newspapers to sell by the street side in Yangonဒါ့အပြင် ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာနဲ့ အထွေထွေထုတ်ဝေခွင့် အသစ်တွေ လည်း လျှောက်ထားနိုင်ပြီး ဥပဒေနဲ့ နည်းဥပဒေအသစ်အရ စိစစ်ထုတ်ပေး သွားမယ်လို့ သိရပါတယ်။

ဒါအပြင် သက်တမ်းကုန်ဆုံးနေပြီ ဖြစ်တဲ့ ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေဟာလည်း အောက်တိုဘာ ၁၅ ရက်နေ့က စပြီး ပြန်လည် သက်တမ်းတိုးနိုင်ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစိုးရဟာ ၂၀၁၄ မတ် ၁၄ ရက်နေ့က ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ပြဌာန်းခဲ့ပြီးနောက် စာနယ်ဇင်း ဖိနှိပ်မှုကို ဖြစ်စေတဲ့ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနဲ့ ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း ဥပဒေကို ရုပ်သိမ်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013