DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကိုနှင့် ကနေဒါကို အခွန်စည်းကြပ်မှု ထရမ့်ပ် ပြန်စဉ်းစားပေးရန် သမ္မတဘိုင်ဒင် မျှော်လင့်
DVB
·
November 29, 2024
မက္ကဆီကိုနှင့် ကနေဒါကို အခွန်စည်းကြပ်မှု ထရမ့်ပ် ပြန်စဉ်းစားပေးရန် သမ္မတဘိုင်ဒင် မျှော်လင့်
Donate to DVB

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ် အနေနဲ့ မက္ကဆီကိုနဲ့ ကနေဒါမှာ အခွန်စည်းကြပ်မယ့် သူ့အစီအစဉ်ကို ပြန်စဉ်းစားဖို့ မျှော်လင့်ကြောင်းနဲ့ ဒါဟာ အနီးကပ်မဟာမိတ်တွေနဲ့ ဆက်ဆံရေးကို ပျက်စီးသွားစေနိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နိုဝင်ဘာ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

မန်ဆာချူးဆက်ပြည်နယ် နန်တပ်ကတ်ကျွန်းရှိ မီးသတ်ဌာနကို ရောက်ရှိနေတဲ့ သမ္မတ ဘိုင်ဒင်ကို သတင်းထောက်တွေက မက္ကဆီကိုနဲ့ ကနေဒါမှာ အခွန်အကောက်ချမှတ်မယ့် ဒေါ်နယ်ထရမ့်ပ်ရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဘိုင်ဒင်က ဖြေကြားလိုက်တာပါ။

“အမေရိကမှာက တမူထူးခြားတဲ့ အခြေအနေမျိုး ရှိနေပြီး ပစိဖိတ်နဲ့ အတ္တလန္တိတ် သမုဒ္ဒရာ ၂ စင်းနဲ့ မက္ကဆီကိုနဲ့ ကနေဒါ ဆိုတဲ့ မဟာမိတ် ၂ နိုင်ငံတို့ ဝိုင်းရံထားကြောင်းနဲ့ အခွန်စည်းကြပ်မှုကိစ္စဟာ တန်ပြန်သက်ရောက်မှု ဖြစ်စေနိုင်လို့ ပြန်စဉ်းစားမယ်လို့ မျှော်လင့်ကြောင်း” ဘိုင်ဒင်က ပြောပါတယ်။

ရာထူးစွန့်ခွာတော့မယ့် သမ္မတနဲ့ ရာထူးတက်လာတော့မယ့် သမ္မတတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် သူတို့ရာထူးရှိနေချိန်ကထက် တရားမဝင် နယ်ကျော်ဖြတ်ကူးခြင်းက သိသိသာသာ ကျဆင်းနေတာကိုလည်း အမြင်ပဲဖြစ်ကြောင်း သူက ဆိုပါတယ်။

ထရမ့်ပ်ဟာ နိုဝင်ဘာ ၂၅ ရက်က ရွှေ့ပြောင်းနေထိုင်သူတွေ နယ်စပ်ဖြတ်ကူးလာမှုနဲ့ မူးယစ်ဆေးဝါးကိစ္စတွေကို တင်းတင်းကျပ်ကျပ် အရေးယူ တားဆီးခြင်း မပြုမချင်း မက္ကဆီကိုနဲ့ ကနေဒါတို့မှာ အခွန်အခတွေ ချမှတ်ရလိမ့်မယ်လို့ ပြောကြားခဲ့ပြီး ဒါဟာ အမေရိကန်-မက္ကဆီကို-ကနေဒါ ၃ နိုင်ငံ အခမဲ့ကုန်သွယ်ရေး သဘောတူညီချက်ကို ချိုးဖောက်မယ့် အစီအစဉ်လည်း ဖြစ်နေတာပါ။

မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်ဟာ နိုဝင်ဘာ ၂၇ ရက်က ထရမ့်ပ်နဲ့ ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်း နိုဝင်ဘာ ၂၈ ရက်က ပြောကြားခဲ့ပြီး အခွန်အကောက်ကိစ္စနဲ့ ပတ်သက်လို့တော့ အတိအကျ မပြောသွားပါဘူး။

၂ နိုင်ငံအကြား ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့ ခေါင်းဆောင် ၂ ယောက် သဘောတူခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ဖုန်းခေါ်ဆိုမှုအပြီးမှာ ထရမ့်ပ်ကလည်း ရှိန်းဘောင်းမ်ဟာ ၂ နိုင်ငံရဲ့ တောင်ပိုင်းနယ်စပ်ကို ပိတ်ပစ်လိုက်ပြီးတော့ အမေရိကန်ပြည်ထောင်စုထဲကို မက္ကဆီကိုမှတဆင့် ရွှေ့ပြောင်းဝင်ရောက်မှုကို တားဆီးရပ်တန့်ပေးမယ်လို့ သဘောတူခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ရှိန်းဘောင်းမ်ကလည်း အမေရိကန်နယ်စပ်ကို မရောက်ခင်မှာပဲ ရွှေ့ပြောင်းနေထိုင်သူတွေကို အရေးယူဆောင်ရွက်မယ့် အစီအစဉ် ချထားပြီလို့လည်း ဆိုပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013