DVB Logo
Home
မြန်မာသတင်း
ပွင့်ဖြူမြို့နယ် မီးလင်းရေးကော်မတီ ငွေစာရင်းရှင်းလင်းမှု ဒေသခံများ မကျေနပ်
DVB
·
October 16, 2014
ပွင့်ဖြူမြို့နယ် မီးလင်းရေးကော်မတီ ငွေစာရင်းရှင်းလင်းမှု ဒေသခံများ မကျေနပ်
Donate to DVB

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် စံပြကျေးရွာက မီးလင်းရေးကော်မတီရဲ့ ငွေစာရင်းရှင်းလင်းမှုအပေါ် ဒေသခံကျေးရွာသားတွေ မကျေမနပ်ဖြစ်နေကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က စံပြကျေးရွာက မီးလင်းရေးကော်မတီရဲ့ ၅ နှစ်အတွင်း ပထမဆုံးပြုလုပ်တဲ့ ငွေစာရင်းရှင်းလင်းပွဲမှာ ဖြစ်ပွားခဲ့တာပါ။

ကျေးရွာသူနဲ့ ကျေးရွာသားတွေက မီးလင်းရေးကော်မတီကို ကုန်ကျငွေစာရင်း တိတိကျကျ ထုတ်ပြန်ပေးဖို့ ပြောဆိုတာကို မီးလင်းရေးကော်မတီက မချေမငံဆက်ဆံရာကနေ စတင်ခဲ့တာ လို့ ဆိုပါတယ်။

pwint phyu copyကျေးရွာသားတဦးက “ကျနော်တို့ စံပြကျေးရွာကြီးမှာ ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်အထိ ၅ နှစ်အတွင်း စာရင်းရှင်းတမ်းများကို တကြိမ်မှ ရှင်းမပေးပါဘူး။ တရွာလုံး က တောင်းဆိုတဲ့ အခါမှာတော့ ၁၄၊ ၁၀၊ ၂၀၁၄ မှာတော့ မီးလင်းရေးကော်မတီက ရှင်းတမ်းကို ဖတ်ပြပါတယ်။ မီတာ ၁ လုံးကို ၃ သိန်း ရန်ပုံငွေကောက်ခံပြီး မီတာ အလုံးပေါင်း ၂၀၀ ကျော် ရှိပါတယ်။ ဒီမီးလင်းရေးကော်မတီက စာရင်း ရှင်းပြတဲ့အခါ မမှန်မကန် ရှင်းပြပါတယ်။ အခုလို မမှန်မကန် ရှင်းပြလို့ ရွာသူရွာသားတွေက ထပြီးမေးမြန်းတဲ့အခါမှာတော့ သိချင်ရင် မီးတိုင်တွေကို ကိုယ်တိုင်သွားကြည့်ကြပါ။ စာရင်းအသေးစိတ်ကို သိချင်ရင် မြို့နယ်လျှပ်စစ်ရုံးကို ကိုယ်တိုင်သွားပြီး မေးကြည့်ကြပါဆိုပြီးတော့ တာဝန်မဲ့စွာ ရိုင်းရိုင်းစိုင်းစိုင်း ကျနော်တို့ ရွာသူရွာသားတွေကို ဆက်ဆံခဲ့ပါတယ်။ အခုလို စာရင်း မမှန်မကန် ပြောဆိုတာတွေ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာတွေကို ကျနော်တို့ ရွာသူရွာသားတွေက လုံးဝမကျေနပ်ပါဘူး” လို့ ပြောပါတယ်။

မီးလင်းရေးကော်မတီရဲ့ စာရင်းရှင်းတမ်းကို မကျေနပ်တဲ့အတွက် တရွာလုံး လက်မှတ်တွေ ကောက်ခံပြီး နိုင်ငံတော်သမ္မတနဲ့ သက်ဆိုင်တွေကို တိုင်ကြားသွားမယ်လို့ ဆိုပါတယ်။

“ဒီလို လိမ်လည်မှုနဲ့ ရှင်းပြသွားတဲ့ စံပြရွာ မီးကော်မတီကို နိုင်ငံတော်သမ္မတကြီးနဲ့တကွ လျှပ်စစ်ဝန်ကြီးဌာနကို ကျနော်တို့ကိုယ်တိုင် စံပြကျေးရွာသူကျေးရွာသားတွေ လက်မှတ် ကောက်ခံပြီးတော့ တာဝန်ရှိပုဂ္ဂိုလ်တွေကို ဆက်လက်တိုင်ကြားမှာ ဖြစ်ပါတယ်။”

မီးလင်းရေးကော်မတီက မီတာ ၁ လုံးကို  ၁၃၁၀၀၀ ကောက်ခံကာ ရန်ပုံငွေအတွက် မီတာ ၁ လုံးကို ၃ သိန်း ကောက်ခံထားတာ ဖြစ်ပြီး မီတာလုံးရေ ၂၀၉ လုံးရှိတာ ဖြစ်ပါတယ်။

အခုအခါ မီးလင်းကော်မတီငွေပေါင်း ၁၀ သိန်း ၄ သောင်းကျော် စိုက်ထုတ်ထားရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013