DVB Logo
Home
မြန်မာသတင်း
ပညာသင်နှစ် တဝက်ကျိုးသော်လည်း အထက်တန်းအဆင့် ပုံနှိပ်စာအုပ် အစုံမရရှိသေး
DVB
·
November 29, 2024
ပညာသင်နှစ် တဝက်ကျိုးသော်လည်း အထက်တန်းအဆင့် ပုံနှိပ်စာအုပ် အစုံမရရှိသေး
Donate to DVB

၂၀၂၄ -၂၅ ပညာသင်နှစ် တဝက်ကျိုးတဲ့အချိန်အထိ ရောက်ရှိနေပေမဲ့ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူအချို့ ပုံနှိပ်စာအုပ်အစုံ မရရှိကြသေးဘူးလို့ ကျောင်းသားကျောင်းသူတွေထံက သိရပါတယ်။

လာမယ့် ဒီဇင်ဘာလထဲမှာ နှစ်ဝက်ဆုံး တတ်မြောက်မှု စစ်ဆေးတဲ့ စာမေးပွဲကျင်းပတော့မှာဖြစ်ပေမဲ့ အထက်တန်းအဆင့်ကျောင်းသားကျောင်းသူအချို့ဟာ အခုထိ ကျောင်းသုံးပုံနှိပ်စာအုပ်‌တွေ အစုံအလင်မရရှိသေးတာကြောင့် မိတ္တူကူးယူတာ၊ ပြင်ပကနေ ဝယ်ယူအသုံးပြုနေကြရတယ်လို့ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူတွေက ပြောပါတယ်။

“ကျနော် အခုထိ ရူပဗေဒနဲ့ လူမှုရေးသိပ္ပံ ဘာသာရပ်နှစ်ခုမရသေးဘူး။ အစကတော့ သူငယ်ချင်းတွေနဲ့ မျှကြည့်တာပေါ့။ ကိုယ့်အိမ်မှာ စာလုပ်မယ်ဆိုရင် အခက်အခဲရှိလာလို့ မိတ္တူကူးပြီး သုံးနေရတယ်” လို့ အထက(၁)အင်းစိန်က Grade-11 ကျောင်းသားတယောက်က ပြောပါတယ်။

စစ်ကောင်စီပညာရေးဌာနကတော့ အခမဲ့ပညာရေးစနစ်ဖြစ်တာနဲ့အညီ ကျောင်းသားကျောင်းသူတွေကို ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်တွေကို အခမဲ့ပြည့်ပြည့်ဝဝ ထောက်ပံ့ပေးထားတယ်လို့ ဆိုထားပေမဲ့ ကျောင်းသားကျောင်းသူတွေကတော့ ပုံနှိပ်စာအုပ် အစုံအလင်မရတဲ့ ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။

ဒါ့အပြင် အခုပညာသင်နှစ်မှာ ကျောင်းသားကျောင်းသူတွေ အသုံးပြုခဲ့တဲ့ ပုံနှိပ်တွေကို လက်ဆင့်ကမ်းအသုံးပြုဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းတွေကြောင့် အတန်းအသစ်တက်လာမယ့် ကျောင်းသားကျောင်းသူတွေဟာ ပုံနှိပ်စာအုပ်အစုံအလင်ရဖို့ ပိုမိုခက်ခဲလာနိုင်တယ်လို့ ရန်ကုန်တိုင်းပညာရေးဌာန အရာရှိတယောက်က ပြောပါတယ်။

“လက်ဆင့်ကမ်းစနစ်က အခုမှတော့မဟုတ်ဘူး။ ဟိုအရင်ကတည်းကလုပ်ခဲ့တာပေါ့။ ဒါပေမဲ့ နေရာဒေသတချို့က ကျောင်းတွေလောက်ပဲ အဲ့ဒါကိုလုပ်နိုင်တာ။ မြို့ပြမှာတောင် ဒီလိုပုံနှိပ် အစုံမရတာတွေ ဖြစ်နေတယ်ဆိုရင် လက်ဆင့်ကမ်းစနစ်ဆိုတာ ကျောင်းသားကျောင်းသူတွေကို ပိုပြီး ဒုက္ခပေးသလိုပဲဖြစ်မှာ။” 

ကျောင်းသုံးနှိပ်စာအုပ်တွေ အခုထိ ကျောင်းသားကျောင်းသူတွေ အစုံအလင်မရရှိပေမဲ့ ပြင်ပဈေးကွက်မှာ အစုံအလင်ဝယ်ယူလို့ ရနေနိုင်တာဟာ ပညာရေးဌာနရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတာကြောင့်လို့ ကျောင်းသားမိဘတွေကလည်း ဝေဖန်နေကြပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013