DVB Logo
Home
အားကစား
နည်းပြ ဖရန့်လမ်းပတ် ကိုဗင်ထရီနည်းပြသစ်အဖြစ် စတင်တာဝန်ယူ
DVB
·
November 29, 2024
နည်းပြ ဖရန့်လမ်းပတ် ကိုဗင်ထရီနည်းပြသစ်အဖြစ် စတင်တာဝန်ယူ
Donate to DVB

နည်းပြဖရန့်လမ်းပတ်ဟာ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနည်းပြသစ်အဖြစ် စတင်တာဝန်ယူနေ ပါတယ်။

အသက် ၄၆ နှစ်ရှိ အင်္ဂလန်နဲ့ ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းဟာ  ကိုဗင်ထရီနဲ့ ၂နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်က အသင်းနဲ့အတူ လေ့ကျင့်ခန်းစတင်ခဲ့ပါတယ်။ 

၂၀၂၂- ၂၀၂၃ ဘောလုံးရာသီနှောင်းပိုင်းမှာ နည်းပြဂရေဟမ်ပေါ်တာရဲ့ နေရာမှာယာယီနည်းပြအဖြစ်  ချဲလ်ဆီးကို တကျော့ပြန်တာဝန်ယူခဲ့ပြီးနောက် ၁၈ လအကြာမှာ ဘောလုံးလောကထဲပြန်ဝင်လာခဲ့ တာပါ။

ဖရန့်ဟာ ချဲလ်ဆီးနဲ့ အဲဗာတန်အသင်းတွေမှာ အတွေ့အကြုံကောင်းတွေရရှိခဲ့သူဖြစ်ပြီး အသင်းနည်းပြအဖြစ် ခန့်အပ်နိုင်ခဲ့တဲ့အပေါ် ကျေနပ်မိကြောင်း ကိုဗင်ထရီအသင်းပိုင်ရှင် ကဒေါ့ကင်းက ပြောပါတယ်။

ကိုဗင်ထရီဟာ ချန်ပီယံရှစ် ၁၇ ပွဲအပြီးမှာ အဆင့် ၁၇ မှာရပ်တည်နေပြီး တန်းတက်ခွင့် ပလေးအော့ဖ်ကစားခွင့်ရမဲ့ အဆင့် ၆ က မစ်ဒယ်ဘရော့အသင်းနဲ့ ၁၀ မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013