DVB Logo
Home
နိုင်ငံတကာ
အငြိမ်းစားဒုဗိုလ်ချုပ်ကြီး ကဲလော့ကို ယူကရိန်းကိုယ်စားလှယ်ခန့်ရန် ထရမ့်ပ် လျာထား
DVB
·
November 28, 2024
အငြိမ်းစားဒုဗိုလ်ချုပ်ကြီး ကဲလော့ကို ယူကရိန်းကိုယ်စားလှယ်ခန့်ရန် ထရမ့်ပ် လျာထား
Donate to DVB

အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းစစ်ပွဲ အဆုံးသတ်စေမယ့် အစီအစဉ် သူ့ကို တင်ပြခဲ့တယ်ဆိုတဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ကိသ်ကဲလော့ကို  အထူးကိုယ်စားလှယ်အဖြစ် လျာထားတယ်လို့ ထုတ်ပြန်ပါတယ်။

ကဲလော့ဟာ ထရမ့်ပ်ရဲ့ သမ္မတ ပထမသက်တမ်းအတွင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ရုံးအဖွဲ့မှူး ဖြစ်ခဲ့သလို အဲဒီတုန်းက ဒုသမ္မတ မိုက်ခ်ပင့်စ်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

လက်ရှိမှာ ယူကရိန်းစစ်ပွဲအတွက် အထူးကိုယ်စားလှယ်ဆိုတာမျိုး သမ္မတ ဂျိုးဘိုင်ဒင်က ခန့်ထားတာ မရှိပေမဲ့ ထရမ့်ပ်က သူ တက်လာရင် အဲဒီရာထူးဖန်တီးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေးဟာ ထရမ့်ပ်ရဲ့ မဲဆွယ်ကတိတွေထဲက တခုဖြစ်ပါတယ်။

ကဲလော့ရဲ့ စစ်ပွဲအဆုံးသတ်ရေး အစီအစဉ်မှာ လက်ရှိ ထိန်းချုပ်နယ်မြေအတိုင်း တိုက်ပွဲစည်းကို ရပ်ပြီး ယူကရိန်းနဲ့ ရုရှား ဆွေးနွေးပွဲစကားဝိုင်းပေါ်တက်ဖို့ ဖြစ်ပါတယ်။

ကဲလော့ရဲ့ အဆိုပြုချက်အရ ယူကရိန်းက ငြိမ်းချမ်းရေးဆွေးနွေးဖို့ လက်ခံမှသာ အမေရိကန်လက်နက်တွေ ထပ်ပေးမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ရုရှားဘက်က ဆွေးနွေးဖို့ ငြင်းမယ်ဆိုရင် ယူကရိန်းကို အကူအညီတိုးပေးမှာ ဖြစ်ပါတယ်။

လတ်တလောမှာ ယူကရိန်းကို နေတိုးအဖွဲ့ထဲ ဝင်ခွင့်ပေးဖို့ ကိစ္စကိုလည်း ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်အရဆိုရင် ရုရှားဟာ လက်ရှိသိမ်းထားတဲ့ ယူကရိန်းအရှေ့ပိုင်းကို အပိုင်ရသွားသလို ဖြစ်နိုင်တဲ့အတွက် ယူကရိန်းဘက်ကတော့ ကျေလည်ဖို့ခက်မှာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013