DVB Logo
Home
မြန်မာသတင်း
မဲလ်ဘုန်း Lose and Hope တော်လှန်ရေးရုပ်ရှင်ပြပွဲမှ ဩစတြေးလျဒေါ်လာ ၂၀,၀၀၀ ကျော် ရန်ပုံငွေရ
DVB
·
November 28, 2024
မဲလ်ဘုန်း Lose and Hope တော်လှန်ရေးရုပ်ရှင်ပြပွဲမှ ဩစတြေးလျဒေါ်လာ ၂၀,၀၀၀ ကျော် ရန်ပုံငွေရ
Donate to DVB

Lose and Hope  တော်လှန်ရေးရုပ်ရှင်ပြပွဲကို ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Monash တက္ကသိုလ်မှာ နိုဝင်ဘာ ၂၄ ရက်က ကျင်းပခဲ့တာမှာ ဩစတြေးလျဒေါ်လာ ၂၀,၀၀၀ ကျော်ရန်ပုံငွေရရှိခဲ့တယ်လို့  ပွဲစီစဉ်သူတွေက ပြောပါတယ်။

Lose and Hope ရုပ်ရှင်ကို ကရင်နီဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အခြေခံပြီး ရိုက်ကူးထားကာ ကရင်နီပြည်နယ်၊ အလယ်ပိုင်း DMO PDF အမှတ် (၁၁၀၆) တပ်ရင်းရဲဘော်တွေက ရုပ်ရှင်မှာ ပါဝင်ကူညီသရုပ်ဆောင်ပေးထားတာပါ။

ဒီရုပ်ရှင်ဟာ စိတ်ဓာတ်မြှင့်တင်ရေးနဲ့ ရန်ပုံငွေရှာဖွေဖို့အတွက်သာမက ကရင်နီပြည်တပ်ပေါင်းစုအားလုံး စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ပေးဖို့လည်းဖြစ်တယ်လို့ ရုပ်ရှင်ရိုက်ကူးသူတွေက ထုတ်ပြန်ထားပါတယ်။

မဲလ်ဘုန်းမြို့မှာပြုလုပ်ခဲ့တဲ့ Lose & Hope  တော်လှန်ရေးရုပ်ရှင်ပြပွဲကို Karenni Federation of Australia နဲ့ Support for Myanmar from Australia & Singapore တို့က ဦးဆောင်ပြုလုပ်ခဲ့တာပါ။

ရုပ်ရှင်ပြပွဲနဲ့အတူ ကရင်နီရိုးရာအစားအသောက်တွေနဲ့ အမှတ်တရပစ္စည်းတွေကိုရောင်းချပြီး ရန်ပုံငွေရှာဖွေခဲ့တာပါ။ တော်လှန်ရေးအတွက်လှူဒါန်းထားတဲ့ ပန်းချီကားတွေကိုလည်း လေလံတင် ရောင်းချခဲ့ပြီး ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ဘေးသင့်ပြည်သူတွေဆီကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013