DVB Logo
Home
မြန်မာသတင်း
ချွန်းပူးရီးတွင် ဥပဒေနှင့်မညီညွတ်သည့် မြန်မာလုပ်သား ၁၁၀ ဖမ်းဆီးခံရ
DVB
·
November 27, 2024
ချွန်းပူးရီးတွင် ဥပဒေနှင့်မညီညွတ်သည့် မြန်မာလုပ်သား ၁၁၀ ဖမ်းဆီးခံရ
Donate to DVB

ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် နောင်ယိုင်မြို့နယ်ထဲမှာ ဥပဒေနဲ့ညီညွတ်ခြင်းမရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အ‌ယောက် ၁၁၀ ဖမ်းဆီးခံရတယ်လို့ TOPNEWS ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နောင်ယိုင်မြို့နယ် ဟန်ဆုန်ရပ်ကွက်ထဲက ဆောက်လုပ်ရေးအလုပ်သမားတန်းလျားမှာ အရက်သေစာ သောက်စားဆူပူတာ၊ ခိုက်ရန်ဖြစ်ပွားတာတွေ ရှိနေပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်တယ်လို့ တိုင်ကြားချက် ရရှိတာကြောင့် နိုဝင်ဘာ ၂၆ ရက် မနက်မှာ သက်ဆိုင်ရာ လဝကရဲ၊ အလုပ်သမားရုံးနဲ့ နယ်မြေအုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေနဲ့အတူ အဆိုပါနေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ နောင်ယိုင်နယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

အဆိုပါရပ်ကွက်ထဲမှာ စက်ရုံအလုပ်ရုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေရှိတယ်၊  ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အလုပ်သမားတန်းလျား တွဲထားတဲ့ ကမ့်ပ်တခုကို စစ်ဆေးရာမှာ ဘာလက်မှတ် အထောက်အထားမှ မရှိတဲ့သူ ၈၅ ယောက်နဲ့ နိုင်ငံကူးလက်မှတ်ရှိပြီး  အလုပ်သမားစည်းကမ်းချက်နဲ့ မကိုက်ညီသူ ၂၅ ယောက်ကို ဖမ်းဆီးရရှိတယ်၊ အားလုံးဟာ မြန်မာအလုပ်သမားတွေလို့ ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ် မြန်မာအလုပ်သမတ‌ယောက်က သူမဟာ ထိုင်းကိုရောက်နေတာ ၅ နှစ်လောက်ရှိပြီး အလုပ်မရွေး ရရာအလုပ်ဝင်လုပ်တယ်၊ ဒီမတိုင်ခင် ရှေ့ကလုပ်ခဲ့တဲ့ အလုပ်မှာ အလုပ်ရှင်က လုပ်အားခမပေးလို့ လက်ရှိ ဆောက်လုပ်ရေးအလုပ်ကို ပြောင်းလာတာ၊ နေ့စားလုပ်အားခ အမျိုးသမီး ဘတ် ၃၃၀၊ အမျိုးသား ဘတ် ၃၇၀ ရတယ်၊ ဒီကိုပြောင်းလာတာ မကြာသေးတော့ အလုပ်ရှင်နာမည် မပြောင်းရသေးလို့ အဖမ်းခံရတာလို့ သတင်းထောက်ကို ပြောပါတယ်။

နောက်ထပ်အဖမ်းခံရတဲ့ ၈၀ ကျော်ဟာလည်း ထိုင်းကို‌ရောက်လာတာ ၂ ရက်ပဲ ရှိသေးတယ်၊ ထိုင်းလာဖို့ ပွဲစားကို တယောက် ဘတ် ၁၇,၀၀၀ ပေးခဲ့ရတယ်၊ လုပ်ငန်းခွင်ထဲတောင် မရောက်သေး၊ ဝင်ငွေတပြားမှ မရသေးဘဲ အဖမ်းခံရတာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သူတို့ကို လဝကဥပဒေနဲ့ အရေးယူပြီးရင် ပြည်နှင်ဒဏ်ပေးမယ်လို့ ပြောသွားပါတယ်။

ကိုးကား - topnews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013