
အမေရိကန်မှာ လက်နက်ဥပဒေ အဆိုပြုချက်အသစ်ကြောင့် ထရမ့်ပ်ဂျူနီယာရဲ့ လက်နက် ရောင်းဝယ်ရေးလုပ်ငန်းက သန်းချီ အကျိုးအမြတ်ရမယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
သေနတ်တွေကို အွန်လိုင်းကနေ မှာယူရပုံကို Amazon of guns လို့ ပြီးခဲ့တဲ့နှစ်က လူထုကြားမှာ ပြောဆိုမှုတွေရှိခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သားဖြစ်သူ ထရမ့်ပ်ဂျူနီယာရဲ့ GrabAGun သေနတ်ရောင်းတဲ့လုပ်ငန်းက အကျိုးအမြတ်တွေရမှာ ဖြစ်ပါတယ်။
ထရမ့်ပ်ဂျူနီယာဟာ အဲဒီလုပ်ငန်းမှာ ရှယ်ယာရှင်တယောက် ဖြစ်သလို ဘုတ်အဖွဲ့ဝင် တယောက် လည်း ဖြစ်ပါတယ်။
GrabAGun ဟာ ၂၀၁၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့တဲ့လုပ်ငန်းဖြစ်ပြီး အွန်လိုင်းကနေ သေနတ်ရောင်းတဲ့ ပထမဆုံးလုပ်ငန်းတခု ဖြစ်ပါတယ်။
ပြိုင်ဘက်သေနတ်ရောင်းချသူတွေနဲ့ အွန်လိုင်းကနေ အော်ဒါကောက်ပြီး လူတွေ့ရောင်းချတဲ့လုပ်ငန်း ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဒါပေမဲ့ ထရမ့်ပ်ဂျူနီယာဟာ ATF အဆိုပြုချက် ပြုလုပ်တဲ့အထဲ မပါဝင်ဘူးလို့ သူ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ တယောက်က ပြောပါတယ်။
အမေရိကန်ရဲ့ တရားရေးဌာနအောက်မှာရှိတဲ့ အရက်တွေ၊ ဆေးရွက်ကြီး၊ လက်နက်နဲ့ ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေကြောင့် ဖြစ်ပေါ်လာမှုတွေကို အကာအကွယ်ပေးတဲ့ ATF အေဂျင်စီရဲ့ စည်းမျဉ်းဥပဒေတွေကို ပြင်ဆင်ဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။
ဒီအဆိုပြုချက်သာ အတည်ဖြစ်ပါက လူတွေဟာ သေနတ်တွေကို အွန်လိုင်းကနေ အလွယ်တကူ မှာယူနိုင်မှာ ဖြစ်ပါတယ်။
ATF စည်းမျည်းသစ်တွေ GrabAGun က တခြားပြိုင်ဘက် သေနတ်ရောင်းချသူတွေလို စောင့်ဆိုင်း ပြီး ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
လက်နက်ဥပေဒသာ ပြောင်းလဲမှုဖြစ်ခဲ့မယ် ဆိုရင် ၁၀ စုနှစ် ၂ ခုအတွင်း အကျိုးဆက်အများဆုံး ပြောင်းလဲမှုဖြစ်လာမဲ့ ဥပဒေ ဖြစ်လာမှာပါ။
ဒါ့အပြင် သေနတ်ဆိုင်တွေ၊ သေနတ်လုပ်ငန်းတွေ အတွက်လည်း အွန်လိုင်းပေါ်မှာ ရောင်းချမှု အလားအလာ ပိုပြီး ကြီးထွားလာမှာပဲ ဖြစ်ပါတယ်။
ဥပဒေ အဆိုပြုချက်တွေထဲမှာ သေနတ်ဝယ်ယူသူရဲ့ နောက်ကြောင်းစစ်ဆေးမှုနဲ့ ID စစ်မှုတွေကို အွန်လိုင်းကနေ ပြုလုပ်မှာဖြစ်ပါတယ်။
အဲဒီအထဲမှာ ဒေသဆိုင်ရာ ဥပဒေတွေအတိုင်း အသိပေးမှုအတွက် ၇ ရက် အချိန်ယူရမှုလည်း ပါဝင်မှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အွန်လိုင်းကနေ သေနတ်ဝယ်မဲ့သူတွေဟာ ဆိုင်တွေမှာ လူကိုယ်တိုင် သွားရောက် ဝယ်ယူရပြီး လိုင်စင်မရှိတဲ့သူတွေဆိုရင် နောက်ကြောင်းရာဇဝင်စစ်ဖို့ လူကိုယ်တိုင် သွားရတာ ဖြစ်ပါတယ်။
Source:Reuters










