DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲ ဇာတိနတ်မောက်တွင် ကျင်းပမည်
DVB
·
October 16, 2014
ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲ  ဇာတိနတ်မောက်တွင် ကျင်းပမည်
Donate to DVB

မြန်မာ့လွတ်လပ်ရေးဗိသုကာ  ဗိုလ်ချုပ်အောင်ဆန်းရဲ့  နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲကို မွေးရပ်ဇာတိမြေ နတ်မောက်မြို့မှာ  ခမ်းခမ်းနားနားကျင်းပဖို့ ဗိုလ်ချုပ်ကို ချစ်ခင်လေးစားသူတွေက စီစဉ်နေပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိ နတ်မောက်မြို့မှာ သူရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်ပွဲကို လာမယ့်နှစ်ဆန်းပိုင်း ဖေဖော်ဝါရီ ၇ ရက်နေ့ကနေ သူရဲ့မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ထိ  ၇ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီပွဲတော် ကျင်းပဖို့ စီစဉ်ထားခြင်းနဲ့ပတ်သက်ပြီး ရာပြည့်ပွဲတော် ဖြစ်မြောက်ရေး ဦးဆောင် ကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးမင်းက  ဒီဗွီဘီကို ခုလိုပြောပါတယ်။

Eawatchf AP I   ENGLAND APHS LONDON GENERAL AUNG SAN“ဗိုလ်ချုပ်အောင်ဆန်း ဆိုတာက ကျနော်တို့ နတ်မောက်တမြို့တည်း ပိုင်တာ မဟုတ်ဘူးဗျ။ တိုင်းရင်းသား လုပ်သားပြည်သူ ရဟန်းရှင်လူအပေါင်း ပိုင်တာ ဖြစ်တဲ့အတွက် ဗိုလ်ချုပ်ကို ချစ်တဲ့ သူတိုင်းက ဆိုင်တဲ့အတွက် ဒီပွဲကြီးက အများပြည်သူ ပေါင်းပြီးတော့ စုတဲ့ ပွဲကြီးဗျ။ ကျနော်တို့ အဲလို ပေါင်းလုပ်တာ။ ဘယ်ပါတီ။ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားပြုတာ မဟုတ်ဘူး။ အန်အယ်လ်ဒီလည်း ပါတာပဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးလည်းပါတယ်။ ပါတဲ့သူတွေအားလုံးက နိုင်ငံရေး အခွံတွေ ချွတ်ခဲ့တယ်။ ပြီးတော့ ဗိုလ်ချုပ်ကို ချစ်တဲ့ မြို့သားတယောက်အနေနဲ့ လုပ်ကြတယ်။ ကော်မတီ ၁၇ ခု ဖွဲ့ထားတယ်။ ဦဆောင်ကော်မတီအပါအ၀င် ကော်မတီ ၁၇ ခု ဖွဲ့ ထားပါတယ်။”

ဒီပွဲ ကျင်းပဖို့အတွက် သက်ဆိုင်ရာအာဏာပိုင်တွေဆီက ခွင့်ပြုချက်ရထားပြီလို့လည်း သိရပါတယ်။

ဒီပွဲကို တက်ရောက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဗိုလ်ချုပ်ရဲ့မိသားစုနဲ့ သက်ရှိထင်ရှား ရှိနေသေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေကို ဖိတ်ကြားသွားမယ်လို့လည်း  ဒေါက်တာစိုးမင်းက ပြောပါတယ်။

“ဆရာတော်ကြီး ၃ ပါး ကျနော်တို့ ပင့်ဖိတ်ပြီးပါပြီ။ တရားပွဲ ၃ ခု လုပ်မှာပါ။ ဗိုလ်ချုပ်အောင်ဆန်း သားသမီးများကိုလည်း ဖိတ်မှာ ဖြစ်တဲ့အတွက် ဆက်သွယ်တော့ ထားပြီးပါပြီ။ ဦးအောင်ဆန်းဦး၊ ဖိတ်စာတော့ မပို့ရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်၊ ပါတီဥက္ကဋ္ဌအနေနဲ့ ဖိတ်တာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း သားသမီးများအနေနဲ့ ဖိတ်တာပါ။ နောက်တခါ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဖော်ကိုင်ဖက် သက်ကြီးရွယ်ကြီးထဲက သခင်ချန်ထွန်းတို့ ကျန်ပါသေးတယ်။ အဲလိုလူမျိုးတွေ ရှိမယ်။ နောက် အန်အယ်လ်ဒီ နာယက ကြီးဖြစ်တဲ့ ဦးတင်ဦးပေါ့။ သူဆိုလို့ ရှိရင် အန်အယ်လ်ဒီ နာယက အနေနဲ ဖိတ်တာ မဟုတ်ပဲ ဗိုလ်ချုပ်အောင်ဆန်း စစ်တပ်မှာ အမှုထမ်းခဲ့ဖူးတဲ့ တပ်မတော်သားဟောင်းကြီး။ မြစ်ကြီးနားမှာ တယောက်ရှိပါသေးတယ်။ သူကတော့ ကျနော်တို့ အဆက်အသွယ်မရသေးပါဘူး။ နောက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆွေမျိုးသားချင်းတွေနဲ့ ၀မ်းကွဲတွေ။ နောက် တိုင်းရင်းသားတွေလည်း ကျနော်တို့ ဖိတ်မှာ ခင်ဗျ။ ဗိုလ်ချုပ်က တပ်မတော်ရဲ့ ဖခင်ကြီး ဖြစ်ခဲ့တဲ့ အတွက် တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်တို့၊ သမ္မတတို့၊ နောက် လွှတ်တော်ဥက္ကဋ္ဌကြီးများတို့ စသည်ဖြင့်ပေါ့နော်။ မကွေးတိုင်းဆိုတော့ တိုင်းဝန်ကြီးချုပ်၊ ဒါတွေ အားလုံးကိုလည်း ကျနော်တို့ ဖိတ်ခေါ်မှာ ဖြစ်ပါတယ်။”

ရာပြည့်ပွဲကို နတ်မောက်မြို့က ဗိုလ်ချုပ်ကြေးရုပ်အနားက ကွင်းပြင်မှာ ကျင်းပမှာ ဖြစ်ပြီး ပွဲကာလအတွင်းမှာ သံဃာအပါး ၁၀၀၀ ကို သင်္ကန်းကပ်လှူတာ၊ ဆွမ်းကပ်တာနဲ့ တရားပွဲကိုလည်း ပြုလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။

အခုလို ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် ကျင်းပတာနဲ့ ပတ်သက်ပြီး စာရေးဆရာ မောင်သာချိုက အခုလို ပြောပါတယ်။

“ဒီပုဂ္ဂိုလ်မျိုးက တို့သမိုင်းမှာ နှစ် ၁၀၀၀ လည်း တယောက် မပေါ်ဘူး။ အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင်နေရူးဆိုရင် သူက ဗမာနိုင်ငံ ခေါင်းဆောင်လို့ မပြောဘူး။ အာရှတိုက်ရဲ့ ခေါင်းဆောင်အဖြစ် သူပြောချင်တယ်တဲ့။ ဗိုလ်ချုပ်အောင်ဆန်းကိုလေ။ အဲလိုမျိုး ပုဂ္ဂိုလ်တယောက်ကို တို့နိုင်ငံမှာ ပိုင်ဆိုင်ခဲ့ဖူးတယ်ပေါ့။ အဲဒါကို မမေ့မလျော့ပဲနဲ့ နှစ် ၁၀၀ ပြည့်မှာ အခမ်းအနား ပြန်လုပ်တယ်ဆိုတာဟာ အခုခေတ် လုပ်ကြတဲ့ လူငယ်၊ လူရွယ်၊ လူကြီး၊ နိုင်ငံရေးသမားတွေ၊ အဖွဲ့အစည်းကလူတွေဟာ ကျေးဇူးသိတတ်တဲ့ လူတွေကြောင့် ဖြစ်လာခဲ့ တာလေ။ ကျေးဇူးကန်းတဲ့လူတွေ လက်ထက်ကတော့ မှေးမှိန်ဖျောက်ဖျက် ထားမှာပေါ့။ ဒါကို ပြန်လည်ဖော်ပြခြင်းဟာ၊ အဲလို လုပ်ဖို့ စိတ်ကူးရှိတဲ့သူတွေအားလုံးကို ကိုယ်က လေးစားမိ တယ်။”

ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် ပွဲမှာ ပြပွဲပြိုင်ပွဲတွေ၊ စာပေဟောပြောပွဲနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။  နောက်ဆုံးနေ့မှာတော့ နတ်မောက်မြို့က ဗိုလ်ချုပ် ပြတိုက်မှာ အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ရေးထိုးထားတဲ့ နှစ် ၁၀၀ ပြည့် မော်ကွန်း ကမ္ပည်းကျောက်စာတိုင် စိုက်ထူမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲ ဇာတိနတ်မောက်တွင် ကျင်းပမည်