DVB Logo
Home
နိုင်ငံတကာ
လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု တိုင်ကြားချက်ဖြင့် ချီလီသမ္မတကို စစ်ဆေး
DVB
·
November 27, 2024
လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု တိုင်ကြားချက်ဖြင့် ချီလီသမ္မတကို စစ်ဆေး
Donate to DVB

ချီလီသမ္မတ ဂယ်ဘရီယလ် ဘောရစ်ခ်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု တိုင်ကြားချက်အတွက် ပဏာမ စုံစမ်းစစ်ဆေးမှုတရပ်ကို နိုဝင်ဘာ ၂၆ ရက်မှာ စတင်ခဲ့ပြီး ဒါဟာ ပါတီစစ်တမ်း လူကြိုက်နည်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု အပါအဝင် သီးခြားအရှုပ်တော်ပုံနဲ့ ရင်ဆိုင်နေရတဲ့ သူ့ရဲ့ လက်ဝဲဝါဒီအစိုးရကို ထိုးနှက်ချက်တခုလည်း ဖြစ်ပါတယ်။

ဒီရာဇဝတ်မှုကို  လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က အမှုဖြစ်ပွားခဲ့တဲ့ ချီလီနိုင်ငံတောင်ပိုင်း မာဂယ်ယာနာ့စ် ဒေသရှိ ခရိုင်အစိုးရ ရှေ့နေရုံးက နိုဝင်ဘာ ၂၆ ရက်မှာ အတည်ပြုခဲ့ပါတယ်။

၂၀၁၃ ခုနှစ်က ချီလီနိုင်ငံ တောင်ဘက်စွန်းရှိ ပန်တာ့အရီနာစ်မြို့မှာ နေထိုင်ချိန် အသက် ၂၇ နှစ်ရှိ ဘောရစ်ခ်က အမျိုးသမီးတယောက်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့တယ်လို့ စွပ်စွဲချက်မှာ ဖော်ပြထားပါတယ်။

ချီလီသမ္မတရဲ့ ရှေ့နေ ဂျိုနသန် ဗာလန်ဇွဲလာ ကနေတဆင့် သမ္မတက ဒီတိုင်ကြားချက်ပါ အကြောင်းအရာကို ပြတ်ပြတ်သားသား ပယ်ချ ငြင်းဆိုထားပြီး သမ္မတကိုယ်တိုင်ဟာ စနစ်တကျ နှောင့်ယှက်ခံရတဲ့ အခြေအနေရဲ့ နစ်နာသူဖြစ်နေတာလို့ ပြောဆိုခဲ့ပါတယ်။

သမ္မတရှေ့နေရဲ့ အဆိုအရ သမ္မတကို တိုင်ကြားသူ အမျိုးသမီးဟာ မတူညီတဲ့ အကောင့်အမျိုးမျိုးကနေ ဘောရစ်ခ်ကို တောင်းဆိုထားခြင်း၊ သဘောတူထားခြင်း မရှိတဲ့ အဖော်အချွတ် ဓာတ်ပုံတွေ အပါအဝင် အီးမေးလ် ၂၅ စောင်ကို ပေးပို့ထားကြောင်း ရှင်းလင်းပါတယ်။

မာဂယ်ယာနာ့စ် အစိုးရရှေ့နေရုံး အကြီးအကဲ ခရစ္စတီယန် ခရီဇော့စ်တို ကတော့ ဒီအမှုကို “တရားဝင် ဆောင်ရွက်ဆဲဖြစ်ပြီး လုပ်ထုံးလုပ်နည်းအမျိုးမျိုးနဲ့ ဆိုင်းငံ့ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

စွပ်စွဲခံရသူကိုလည်း အမှုဖြစ်စဉ်အားလုံးမှာ ကူညီဆောင်ရွက်ပေးပြီး အခုချိန်မှာ အမှုကို လျှို့ဝှက်ကိစ္စအဖြစ် သတ်မှတ်ထားကြောင်းလည်း ဆိုပါတယ်။

လက်ရှိ စုံစမ်းစစ်ဆေးမှုဟာ လက်ဝဲအစိုးရက အမျိုးသမီးတွေရဲ့ အခွင့်အရေး ကိစ္စရပ်တွေကို ဦးစားပေးလုပ်ဆောင်ဖို့ ကြိုးပမ်းနေချိန်မှာ ဘောရစ်အတွက် နောက်ထပ် ထိုးနှက်ချက်တခု ဖြစ်ပါတယ်။

ထင်မြင်ချက်စစ်တမ်းတွေမှာလည်း သူ့ရဲ့ ထင်ပေါ်ကျော်ကြားမှု ကျဆင်းသွားခဲ့ပြီး လတ်တလော ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကို မြင်သာခဲ့ပါတယ်။

ရိုက်တာသတင်းဌာနကတော့ တိုင်ကြားချက်မိတ္တူကို မရယူနိုင်တဲ့အပြင် စွပ်စွဲချက်တွေကိုလည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013