
အာဂျင်တီးနားကစားသမားဟောင်း မာရှေယာနိုဟာ အမေရိကန်မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းနည်းပြအဖြစ် ခန့်အပ်ခံရပါတယ်။
အသက် ၄၀ နှစ်ရှိ လီဗာပူးနဲ့ ဘာစီလိုနာ ကစားသမားဟောင်းဟာ မိုင်ယာမီနည်းပြချုပ်အဖြစ် ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ဘာစီလိုနာ အသင်းဖော်ဟောင်း လီယွန်နယ်မက်ဆီနဲ့ ပြန်လည်လက်တွဲခွင့်ရမှာပါ။
မာရှေယာနိုဟာ ကစားသမားဘဝတလျှောက်မှာ အကောင်းဆုံးကစားသမားတယောက် ဖြစ်ခဲ့သလို အတွေ့အကြုံရှိတဲ့ နည်းပြတယောက်လည်း ဖြစ်ခဲ့ကြောင်း မိုင်ယာမီအသင်းပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက ပြောပါတယ်။
အင်တာမိုင်ယာမီအသင်းကို တာဝန်ယူခွင့်ရတာက ဂုဏ်ယူစရာဖြစ်ပြီး အကောင်းဆုံးစွမ်းဆောင် ရည်ရရှိဖို့ကြိုးပမ်းသွားမှာဖြစ်တယ်လို့ နည်းပြသစ်မာရှေယာနိုက ပြောသွားပါတယ်။
Photo-Reuters










