DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရမ်ခန်းကို ထောက်ခံသူများနှင့် လုံခြုံရေးတပ်ဖွဲ့  ရုန်းရင်းဆန်ခတ်ဖြစ်
DVB
·
November 26, 2024
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရမ်ခန်းကို ထောက်ခံသူများနှင့် လုံခြုံရေးတပ်ဖွဲ့  ရုန်းရင်းဆန်ခတ်ဖြစ်
Donate to DVB

အကျဉ်းကျနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရမ်ခန်းကို ထောက်ခံသူတွေက မြို့တော် အစ္စလာမ်မာဘတ်ဆီကို အတင်းချီတက်လာတာကြောင့် ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ‌ယောက် သေဆုံးခဲ့တယ်လို့ အစိုးရက အင်္ဂါနေ့မှာ ပြောပါတယ်။

လူထောင်ပေါင်းများစွာက ရဲတပ်ဖွဲ့ရဲ့ မျက်ရည်ယိုဗုံးတွေ အရံ အတားတွေကို ကျော်လွှားရင်း ပိတ်ဆို့ကန့်သတ်မှုကို ဖီဆန်ရင်း မြို့ထဲဝင်ဖို့ ကြိုးစားခဲ့တာပါ။

ခန်းရဲ့ ပါကစ္စတန် တယ်ရိဖ် အီ အင်းဆက်ဖ် (PTI) ပါတီကို ထောက်ခံသူတွေက အကြမ်းဖက်ဝါဒ စွဲချက်တွေနဲ့ အဖမ်းခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်းကို တရားရုံးကြားနာမှု မတိုင်မီ လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ရှာဘက်စ် ရှာရစ်ဖ်ရဲ့ ရုံးက ထုတ်ပြန်ချက်ထဲမှာ လုံခြုံရေးဝန်ဆောင်မှုအဖွဲ့ဝင် ၄ ယောက်ကို ကားတစီးက ဝင်တိုက်လို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ပြီး သေနတ်နဲ့ တုံ့ပြန်မယ်ဆိုတဲ့ အစိုးရရဲ့ ခြိမ်းခြောက်မှုကို လျစ်လျူရှုခဲ့ကြတာပါ။

ရှရစ်ဖ်ကတော့ အကြမ်းဖက်မှုကို ရှုတ်ချခဲ့ပြီး ဒါဟာ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှု မဟုတ်ပါဘူး။ ဒါဟာ အစွန်းရောက်ဝါဒပါပဲလို့ ပြောခဲ့ပါတယ်။

အစ္စလမ်မာဘတ်မြို့ဆီ ချီတက်ဆန္ဒပြမှုဟာ နှစ်ရက်ကြာ ရုန်းရင်းဆန်ခတ်ဖြစ်အပြီး မြို့တော်နားဆီ ဆန္ဒပြသူတွေ ရောက်လာတာ ဖြစ်ပါတယ်။

မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့အပတ်ကစပြီး လူစုလူဝေးလုပ်တာကို နှစ်လကြာ တားမြစ်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013