DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး တရုတ်ပတ်သက်မှု ကိုရီးယားလွှတ်တော်အမတ်များနှင့် မြန်မာအရေး လှုပ်ရှားသူများ ဆွေးနွေး 
DVB
·
November 26, 2024
မြန်မာ့အရေး တရုတ်ပတ်သက်မှု ကိုရီးယားလွှတ်တော်အမတ်များနှင့် မြန်မာအရေး လှုပ်ရှားသူများ ဆွေးနွေး 
Donate to DVB

မြန်မာ့အရေးမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်လာတဲ့အပေါ် ကြုံတွေ့နေရတဲ့  အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမမှာ နိုဝင်ဘာ ၂၅ ရက်က တောင်ကိုရီးယား လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေ တွေ့ဆွေးနွေးခဲ့ကြ ပါတယ်။

မြန်မာ့တော်လှန်ရေးအား တစိုက်မတ်မတ် ထောက်ခံအားပေးနေတဲ့ အီယုန်ဆွန်းအမတ်နဲ့ တခြားလွှတ်တော်အမတ် ၇ ယောက်က ကမကထပြုပြီး ဆောင်ဂုန်ဝဲတက္ကသိုလ် အာရှ NGO ဌာန ‌ပါမောက္ခဘတ်အွန်ဟွန်းက ဦးဆောင် ကျင်းပတာဖြစ်ပြီး မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) တာဝန်ခံတွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

MFDMC ရဲ့ ဗဟိုကော်မတီဝင် ကိုလင်းအိမ်က “တရုတ်အစိုးရရဲ့ ဒီနေ့အထိ ကျင့်သုံးလာတဲ့ နိုင်ငံခြားရေး မူဝါဒအပေါ် လေ့လာသုံးသပ်ပြီး NUG အစိုး အနေနဲ့ ရှေ့လျှောက် ရင်ဆိုင်ကြုံတွေ့ ရနိုင်တဲ့ အခက်အခဲတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ သဘောထားတွေအကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲမှာပါဝင်တဲ့ လွှတ်တော်ကိုယ်စာလှယ်တွေက ကိုရီးယားနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီအရေးကို အစောဆုံးအားပေးထောက်ခံသူဖြစ်တယ်၊ ရှေ့ဆက်လည်း ဒီမိုကရေစီအရေးအတွက် ပံ့ပိုးမှုတွေကို ဆက်လက်လုပ်ဆောင်‌သွားမယ်လို့ပြောခဲ့တယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး စွက်ဖက်မှုတွေရဲ့ အလားအလာဟာ တော်လှန်ရေးနဲ့ ဒီမိုကရေစီလှုပ်ရှားမှုအပေါ် သက်ရောက်မှုအခြေအနေ၊ နိုင်ငံတကာ ပံ့ပိုးကူညီမှုနဲ့ တရုတ်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုကို ကျော်လွှားဖို့ မြန်မာတော်လှန်ရေးအတွက် မဟာဗျူဟာတွေ၊ ကိုရီးယားနဲ့ နိုင်ငံတကာ အသိုက်အဝန်းဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးမှာ လက်တွေ့ကျတဲ့ နည်းလမ်းတွေ ကူညီနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

နိုဝင်ဘာ ၂၄ ရက်ကလည်း စစ်ကောင်စီအား အားပေးထောက်ခံနေတဲ့ တရုတ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ တောင်ကိုရီးယားရောက် မြန်မာပြည်သား ၂၀၀ လောက်က  ဆိုးမြို့ရှိ တရုတ်သံရုံးရှေ့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013