DVB Logo
Home
Lead Story
အပြစ်မရှိတဲ့အတွက် အမှန်တရားတခု ပေါ်လာတယ်လို့ မြင်ပါတယ်- မဖြူနှင်းထွေး
DVB
·
October 15, 2014
အပြစ်မရှိတဲ့အတွက် အမှန်တရားတခု ပေါ်လာတယ်လို့ မြင်ပါတယ်- မဖြူနှင်းထွေး
Donate to DVB

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က မဖြူနှင်းထွေးကို ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

[caption id="attachment_67929" align="aligncenter" width="409"]ပြန်လွတ်လာသည့် မဖြူနှင်းထွေး (အလံကိုင်ထားသူ) ပြန်လွတ်လာသည့် မဖြူနှင်းထွေး (အလံကိုင်ထားသူ)[/caption]

အောက်တိုဘာ ၁၅ ရက်နေ့ ယင်းမာပင်ခရိုင် ပဉ္ဓမမြောက် တရားရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ၀မ်ပေါင်ကုမ္ပဏီရဲ့ စီမံကိန်းတာဝန်ခံ ဦးလှစိန်က တရားသူကြီးထံကို အမှု ရုပ်သိမ်းလွှာ တင်သွင်းခဲ့တဲ့အတွက် အမှုကနေ တရားရှင် ပြန်လွှတ်ပေးလိုက်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။

ပြန်လွတ်လာတဲ့အပေါ် မဖြူနှင်းထွေးက “ကျမအပါအ၀င် လက်ပံတောင်းဒေသခံတွေကို တရားစွဲကတည်းက ဒါမတရားတဲ့ပုဒ်မပဲ။ ကျမအပါအ၀င် ဒေသခံတွေ အားလုံးမှာ လုံးဝအပြစ်မရှိဘူး၊ အပြစ်မရှိဘဲနဲ့ သူတို့စွဲဆိုထားတဲ့ပုဒ်မပေါ့။ အပြစ်မရှိတဲ့အတွက် ဒါလုံးဝ အမှန်တရားတခု ပေါ်ပေါက်လာတယ်လို့ပဲ မြင်ပါတယ်” လို့ ပြောပါတယ်။

မဖြူနှင်းထွေးကို မေးမြန်းချက် အပြည့်အစုံနားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013