DVB Logo
Home
မြန်မာသတင်း
ထိုင်းမှတဆင့် မလေးရှား သွားမည့် မြန်မာအလုပ်သမား ၂၉ ဦး အလုံပိတ်သေတ္တာအတွင်း ဖမ်းဆီးခံရ
DVB
·
November 25, 2024
ထိုင်းမှတဆင့် မလေးရှား သွားမည့် မြန်မာအလုပ်သမား ၂၉ ဦး အလုံပိတ်သေတ္တာအတွင်း ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာနိုင်ငံသား ၂၉ ဦးကို ထိုင်းယာဉ်မောင်းတဦးနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

သူတို့အုပ်စုကို ထိုင်းနိုင်ငံတောင်ပိုင်း စိုင်ဘူရီခရိုင်ထဲက စစ်ဆေးရေးဂိတ်တခုမှာ နိုဝင်ဘာ ၂၃ ရက်က ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး ပစ်ကပ်ထရပ်ကားတစီးအတွင်းက အလုံပိတ်သေတ္တာတခုထဲ လိုက်ပါလာတာကို စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

သတင်းပေးချက်အရ ပတ္ထာနီနဲ့ နာရာသီဝပ်ဒေသကြား အဝေးပြေးလမ်းမ ၄၂ ပေါ်မှာ လူကုန်ကူးသံသယရှိတဲ့ ဘန်ကောက်လိုင်စင်ပလိတ်ပြားတပ် အဆိုပါ ပစ်ကပ်ကား နောက် ရဲတွေက လိုက်ချိန်မှာ ယာဉ်မောင်းဖြစ်သူက အရှိန်မြှင့် မောင်းနှင်ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် စိုင်ဘူရီအမြန်လမ်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဖမ်းဆီးနိုင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

စစ်ဆေးရေးဂိတ်အရောက်မှာ အမြန်လမ်းရဲတပ်ဖွဲ့က ကားအတွင်း စစ်ဆေးချိန်မှာတော့ ကားအတွင်း အလုံပိတ်သေတ္တာထဲ လိုက်ပါလာတဲ့ အမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီး ၈ ဦးကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ရဲတွေက စစ်ဆေးချိန်မှာတော့ ဖတ်ထလုံဒေသခံ ထိုင်းယာဉ်မောင်း မိုဟာမက် ဖိထောင်း ဘင်ရိုင်နီက သူ့အနေနဲ့ အဆိုပါ တရားမဝင် မြန်မာတွေကို တယောက်ကို ဘတ် ၁,၅၀၀ နှုန်းနဲ့ ဟတ်ရိုင်ခရိုင်ကနေ တောင်ဘက် မလေးရှားနယ်စပ်ဆီ ပို့ဆောင်ဖို့အတွက် ယာလဒေသက နိုဘင်လို့ အမည်ရတဲ့ ထိုင်းပွဲစားက ငှားရမ်းခဲ့တာလို့ ပြောပါတယ်။

မြန်မာနိုင်ငံသား ၂၉ ဦးကတော့ သူတို့အနေနဲ့ မလေးရှားနိုင်ငံက အလုပ်ပွဲစားတဦးဆီ ဆက်သွယ်ခဲ့ပြီး ထိုင်းနိုင်ငံမှာ နေထိုင်ချိန်မှာ ကူညီဖို့ ထိုင်းပွဲစားတဦးဆီ ဆက်သွယ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပြီး သူတို့ဟာ ထိုင်းနိုင်ငံထဲကို သုံးရက်ကြာ ခရီးနှင်ပြီး တရားမဝင် ဝင်ရောက်လာခဲ့ကြတာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်း အားလုံးကို ရဲစခန်းမှာ ထိန်းသိမ်းထားပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013