DVB Logo
Home
မြန်မာသတင်း
မြောင်းမြမြို့နယ်က အရပ်သား ၂၀ ဦးကို စစ်မှုထမ်းရန် ဖိအားပေး ခေါ်ယူသွား
DVB
·
November 24, 2024
မြောင်းမြမြို့နယ်က အရပ်သား ၂၀ ဦးကို စစ်မှုထမ်းရန် ဖိအားပေး ခေါ်ယူသွား
Donate to DVB

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ကနေ စစ်မှုထမ်းအမှတ်စဉ် ၆ အတွက် အရပ်သားအယောက် ၂၀ ကို ဖိအားပေးစုဆောင်းခေါ်ယူခဲ့ပြီး ပုသိမ်မြို့၊ ရွှေမြင်တင်(စခတ) ၆ ဆီကို ပို့လိုက်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်မှုထမ်း အမှတ်စဉ် ၆ အတွက် စစ်ကောင်စီခန့် ရပ်ကျေးနဲ့မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး မြောင်းမြတမြို့နယ်လုံးက အရပ်သားလူငယ်ယောက် ၂၀ ကို ဖိအားပေးခေါ်ယူစုဆောင်းပြီး နိုဝင်ဘာ ဒုတိယအပတ်မှာ ပုသိမ်ရွှေမြင်တင်ကို ပို့လိုက်တာလို့ သိရပါတယ်။

မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်တယောက် “အတင်းဖိအားပေးခေါ်ခံရတဲ့ ကလေးတွေပါ။ အားလုံး အယောက် ၂၀ လောက်ရှိမယ်။ နိုဝင်ဘာ ၁၉ ရက်က စစ်သင်တန်းကျောင်း ရွှေမြင်တင်ကို အပို့ခံရတာလို့ သိရတယ်။ ထွေအုပ်ဘက်က အပို့စာရင်း လုပ်ပေးရတာ။ မိသားစုတွေ လာစုံစမ်းတာရှိတယ်။ ဒီဘက်က ဘယ်သင်တန်းကျောင်း ပို့တယ်ဆိုတာထုတ်ပြောခွင့်ပေးမထား ပါဘူး” လို့ ပြောပါတယ်။

မြောင်းမြမြို့နယ်ကနေ စစ်မှုထမ်းဖို့စုဆောင်းခံရတဲ့ လူငယ် ၁၀ ယောက်ဟာ စစ်မှုမထမ်းချင်ဘဲ အတင်းဖိအားပေးခေါ်ယူခံရတာဖြစ်ပြီး စစ်ကောင်စီခန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ စစ်မှုထမ်းချင်တယ်လို့ ခံဝန်ကတိ လက်မှတ်ထိုးခေါ်သွားတာလို့ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “စုဆောင်းခံရတာ ဟုတ်တယ်။ အသက် ၁၈ ကနေ ၂၅ အတွင်း အယောက် ၂၀ ပါ။ အခုတခေါက်က ငယ်တဲ့သူတွေ များတယ်ပေါ့။ စစ်ကောင်စီတပ်က ကားနဲ့ခေါ်သွားတာ။ အုပ်ကြီးတွေက စုပေးတဲ့ စစ်မှုထမ်း တပ်သားသစ်တွေပါ။ အမှတ်စဉ် ၆ အတွက်လို့ပဲ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ အိမ်မဲမြို့နယ်ကလည်း လူငယ်အယောက် ၄၀ ကို စစ်မှုထမ်းအပတ်စဉ် ၆ အတွက် အဓမ္မခေါ်ဆောင်ခဲ့ပြီး စစ်ကောင်စီဟာ သူတို့စိုးမိုးရာနယ်မြေဖြစ်တဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တွေကနေ စစ်မှုထမ်းဖို့အတွက် ခေါ်ဆောင်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013