DVB Logo
Home
အားကစား
အာဆင်နယ်အသင်း အမှတ်ပေးလိဂ်နိုင်ပွဲ ၂၀၀၀ ပြည့်သည့် ဒုတိယမြောက်အသင်းဖြစ်လာ
DVB
·
November 24, 2024
အာဆင်နယ်အသင်း အမှတ်ပေးလိဂ်နိုင်ပွဲ ၂၀၀၀ ပြည့်သည့် ဒုတိယမြောက်အသင်းဖြစ်လာ
Donate to DVB

အာဆင်နယ်အသင်းဟာ စနေနေ့က ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ အမှတ်ပေး လိဂ်ပြိုင်ပွဲ နိုင်ပွဲ ၂၀၀၀ ပြည့်မြောက်တဲ့ ဒုတိယမြောက်အသင်းဖြစ်လာခဲ့ပါတယ်။ 

အာဆင်နယ်ဟာ စနေနေ့က ပွဲစဉ်မှာ နော်တင်ဟမ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် အင်္ဂလိပ်ဘောလုံးသမိုင်းမှာ အမှတ်ပေးလိဂ်နိုင်ပွဲ ၂၀၀၀ ပြည့်ခဲ့တဲ့ ဒုတိယမြောက်အသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့တာပါ။

နော်တင်ဟမ်နဲ့ပွဲက အာဆင်နယ်ရဲ့ နှစ်ပေါင်း ၁၂၀ သက်တမ်းမှာ လိဂ်ပွဲစဉ် ၄၃၃၅ ပွဲမြောက်ဖြစ်ပြီး ၁၉၀၄ ခုနှစ်မှာ ဝုဗ်ဗာဟမ်တန်နဲ့ပွဲက ပထမဆုံးလိဂ်ပွဲစဉ်အဖြစ် မှတ်တမ်းတင်ထားပါတယ်။

အင်္ဂလိပ်ဘောလုံးသမိုင်းမှာ အဆင့်အမြင့်ဆုံးအမှတ်ပေးလိဂ်နိုင်ပွဲအများဆုံးအသင်းက လီဗာပူးအသင်းဖြစ်ပြီး စုစုပေါင်း ၂၀၆၈ ပွဲ အနိုင်ရထားပါတယ်။

အာဆင်နယ်ပြီးရင် မန်ယူအသင်းက ၁၉၀၁ ပွဲအနိုင် ရလဒ်နဲ့ တတိယနေရာမှာရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013