DVB Logo
Home
နိုင်ငံတကာ
ထင်ရှားသည့် ရင်းနှီးမြှုပ်နှံသူ ဘက်ဆန့်ကို ဘဏ္ဍာရေးဝန်ကြီးနေရာ  ထရမ့် အဆိုပြု
DVB
·
November 23, 2024
ထင်ရှားသည့် ရင်းနှီးမြှုပ်နှံသူ ဘက်ဆန့်ကို ဘဏ္ဍာရေးဝန်ကြီးနေရာ  ထရမ့် အဆိုပြု
Donate to DVB

အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံသူ စကော့ဘက်စန့်ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် အဆိုပြုကြောင်း ကြေညာလိုက်ပါတယ်။  

အခွန်မူဝါဒ၊ အစိုးရကြွေးမြီ၊ နိုင်ငံတကာဘဏ္ဍာရေး နဲ့ အရေးယူပိတ်ဆို့မှုတွေအပါအဝင် စီးပွားရေး စည်းမျဉ်းစည်းကမ်းတွေကို ကြီးကြပ်ရတဲ့  အရေးပါတဲ့ရာထူးဖြစ်ပါတယ်။  

ထရမ့် ဘယ်သူ့ကို ရွေးမလဲဆိုတာကို  အမေရိကန်  ဘဏ္ဍာရေးစျေးကွက်က စိုးရိမ်တကြီး စောင့်ကြည့် နေခဲ့ကြတာဖြစ်ပါတယ်။ 

ထရမ့်ဟာ သူ့ပထမ သက်တမ်းတုန်းကလိုပဲ အခွန်လျှော့ချမှုတွေနဲ့ အကောက်ခွန်စည်းကျပ်မှုတွေ ကို ပြန်လည် အသက်သွင်းပြီး ကမ္ဘာ့ကုန်သွယ်ရေးကို ပြန်လည်ပုံဖော်ဖို့ စီစဉ်နေချိန်မှာ ဘဏ္ဍာရေးဝန်ကြီးရာထူးက အထူးအရေးပါနေပါတယ်။ 

ဘဏ္ဍာရေးလောကမှာ တောက်လျှောက်ကျင်လည်ခဲ့တဲ့  အသက် ၆၂ နှစ်အရွယ် ဘက်ဆန့်ကို ရွေးလိုက်တာဟာ အခွန်ပြုပြင်ပြောင်းလဲရေးနဲ့ စည်းမျဉ်း စည်းကမ်းလျှော့ချရေး နှိုးဆော်သူ တယောက်ကို  ရွေးချယ်လိုက်တာလည်းဖြစ်ပါတယ်။ 

စျေးကွက်ကို နားလည်တဲ့ သူ တယောက်ကို ရွေးလိုက်တာဖြစ်တဲ့အတွက် ထရမ့် ကြွေးကြော် ခဲ့သလို စည်းကြပ်ခွန်တွေ အလွန်အမင်းတင်းကျပ်တာမျိုး ဖြစ်နိုင်ခြေနည်းသွားတဲ့အတွက် စိတ်သက်သာရာ ရစရာ ကိစ္စလို့လည်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။ 

ဘက်ဆန့်ဟာ ၂၀၂၄ မှာ ထရမ့် ပြန်ပြိုင်မယ်ဆိုတဲ့ အစီအစဉ်ကို အစောပိုင်းကတည်းက ထောက်ခံသူဖြစ်ပြီး တချိန်က ဂျော့ချ်ဆိုးရော့စ်အတွက် အလုပ်လုပ်ပေးခဲ့ဖူးတဲ့ ဝေါစထရိက ရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်။ 

ရှေ့ပိုင်းမှာ ထရမ့်ရွေးခဲ့တဲ့သူ တချို့နဲ့ ယှဉ်ရင်  သမားရိုးကျ ရွေးချယ်မှုလို့ ဆိုနိုင်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013