DVB Logo
Home
နိုင်ငံတကာ
ဘစ်ကွိုင်တန်ဖိုး ဒေါ်လာ ၁ သိန်းနီးပါးအထိ ထပ်မံ စံချိန်တင်
DVB
·
November 23, 2024
ဘစ်ကွိုင်တန်ဖိုး ဒေါ်လာ ၁ သိန်းနီးပါးအထိ ထပ်မံ စံချိန်တင်
Donate to DVB

ဘစ်ကွိုင်တန်ဖိုးဟာ ဒေါ်လာ ၁ သိန်းနီးပါးအထိ စံချိန်တင်မြင့်တာလာခဲ့ပြီး မကြာမီ ၁ သိန်းကျော်မယ်လို့ ခန့်မှန်းနေကြပါတယ်။ 

Bitcoin တန်ဖိုးဟာ ဒီနှစ်ထဲမှာတင် နှစ်ဆကျော် တက်လာခဲ့ပြီး ထရမ့်နိုင်ခဲ့သလို  ခရစ်ပတို ငွေကြေးကို အားပေးတဲ့ သူတွေ အမေရိကန်မှာ လွှတ်တော်အမတ်ဖြစ်လာတာကြောင့် နိုဝင်ဘာ ၅ နောက်ပိုင်းမှာ ၄၅ ရာခိုင်နှုန်းလောက် မြင့်တက်လာခဲ့ပါတယ်။ 

နိုဝင်ဘာလ ၂၂ ရက်မှာတော့ Bitcoin တန်ဖိုးဟာ ဒေါ်လာ ၉၉,၈၀၀ အထက် စံချိန်သစ်တင် ရောက်ရှိခဲ့ပါတယ်။ နောက်ပိုင်းအနည်းငယ်ပြန်ကျသွားခဲ့ပြီး  ၂၃ ရက်အစောပိုင်းမှာ  ၉၈၀၀၀ ကျော် မှာ ရှိနေပါတယ်။

ဒါပေမယ့် ဆက်လက်တိုးတက်ဖို့ အရှိန်အဟုန်က ကောင်းနေဆဲဖြစ်ပြီး ဘစ်ကွိုင်ဟာ သုံးပတ် ဆက်တိုက် ၁၀ ရာခိုင်နှုန်းအထက် တိုးတက်ဖွယ်ရှိနေပါတယ်။ 

Bitcoin ဟာ ထရမ့်အရောင်းအဝယ် (Trump Trades) လို့ခေါ်တဲ့ ထရမ့်ရဲ့ မူဝါဒတွေကြောင့် အရှုံး၊ အမြတ်ဖြစ်ရတဲ့ ပစ္စည်းတွေထဲမှာ မြတ်စွန်းမှုအရှိဆုံးပစ္စည် တခုဖြစ်လာပါတယ်။

ဒေါ်နယ်ထရမ့်က မဲဆွယ်စည်းရုံးကတည်းက  ဒီဂျစ်တယ် ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို "ကမ္ဘာ့ခရစ်ပတိုမြို့တော်" ဖြစ်အောင် လုပ်မယ်လို့ ကြွေးကြော်ခဲ့ သလို ဘစ်ကွိုင်ကို နိုင်ငံတော် အရန်ငွေ တမျိုးအဖြစ်  စုဆောင်းမယ်လို့ ပြောထား ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013