
လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်ကြောင့် ၈ ပွဲပယ်ခံရတဲ့ ကွင်းလယ်လူ ဘန်တန်ကာ အတွက် အယူခံတင်သွင်းမှုအပေါ် အားပေးထောက်ခံကြောင်း စပါးနည်းပြ ပို့စ်တီကိုဂလူက ပြောပါတယ်။
အသက် ၂၇ နှစ်ရှိ ဥရုဂွေးကွင်းလယ်လူဟာ နိုင်ငံအသင်းနဲ့ ပြန်လည်ပူးပေါင်းချိန်မှာ ကိုရီးယားကစားသမားတွေရဲ့ ရုပ်ရည်လက္ခဏာက အားလုံးအတူတူဖြစ်ကြောင်း မှတ်ချက်ပေးခဲ့တာပါ။
အဲဒီအပေါ် အင်္ဂလန် အက်ဖ်အေက လူမျိုးရေးဆိုင်ရာ မှတ်ချက်စကားအဖြစ် သတ်မှတ်ပြီး ၈ ပွဲပယ် ချမှတ်ခဲ့တာပါ။
ဘန်တန်ကာဟာ သူ အမှားပြောဆိုမိခဲ့တယ်ဆိုတာ လက်ခံပြီး ဘယ်လိုပြစ်ဒဏ်မဆို လက်ခံဖို့ ဆုံးဖြတ်ထားကြောင်း၊ ဘန်တန်ကာဟာ ကောင်းမွန်တဲ့ လူပုဂ္ဂိုလ်တယောက် ဖြစ်တာကြောင့် အမှားတခု လုပ်ဆောင်ခဲ့တာမှန်ပေမဲ့ ဝန်းရံအားပေးဖို့လည်း လိုအပ်ကြောင်း နည်းပြ ပို့စ်တီကိုဂလူက ပြောသွားပါတယ်။
Photo: Reuters










