DVB Logo
Home
နိုင်ငံတကာ
ထိုင်းတောင်ပိုင်း ခရိုင် ၉ ခုတွင် မိုးသည်းထန်ပြီးရေကြီးမည် 
DVB
·
November 22, 2024
ထိုင်းတောင်ပိုင်း ခရိုင် ၉ ခုတွင် မိုးသည်းထန်ပြီးရေကြီးမည် 
Donate to DVB

ထိုင်းနိုင်ငံ တောင်ပိုင်းခရိုင် ၉ ခုမှာ နိုဝင်ဘာ ၂၁ မှ ၂၃ ရက်နေ့တွေအတွင်း မိုးသည်းထန်ပြီး ရေကြီးမယ်လို့ ထိုင်းနိုင်ငံမိုးလေဝသနဲ့ ဇလဗေဒဌာနက အသိပေးထုတ်ပြန်ထားပါတယ်။ 

အရှေ့မြောက်အရပ်က မုတ်သုန်လေဟာ ထိုင်းပင်လယ်အော်နဲ့ တောင်ပိုင်းဒေသဘက်ကို တိုက်ခတ်လာပြီး မိုးရွာသွန်းခြင်း၊ တချို့နေရာမှာ မိုးသည်းထန်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်၊ အထူးသဖြင့် ပရကျုပ်ခီရီခန်၊ ချွန်းဖွန်း၊ စူရတ်ဌာနီ၊ နခွန်းဆီထမရတ်၊ ဖတ်ထလုန်း၊ ဆုန်ခလာ၊ ပတ္တနီ၊ ယာ့လား၊ နာရာသီဝပ် စတဲ့ခရိုင်တွေမှာ ရုတ်တရက်ရေကြီးရေလျှံခြင်း၊ လေပြင်း တိုက်ခြင်း၊ တောင်ကျရေ နဲ့ မြေပြိုခြင်းတွေ သတိထားဖို့  မိုးဇလက သတိပေးထားပါတယ်။ 

ထိုင်းပင်လယ်အော်မှာတော့ လှိုင်းထန်နိုင်ပြီး ၂ မီတာထိမြင့်မယ်၊ မိုးသားတက်နေချိန်မှာ လှိုင်းအမြင့် ၃ မီတာထိတက်မယ်၊ ဒါကြောင့် ပင်လယ်နားနီးနေသူတွေ လှေမထွက်ဖို့လည်း သတိပေးထားပါတယ်။ 

မိုးဇလက သတိပေးထားတဲ့အတိုင်း မနေ့က ဖတ်ထလုန်းခရိုင် ဖတ်ထလုန်းမှာ မိုးသည်းထန်ပြီး မြို့ပေါ်မှာရေတွေ ၃၀ စင်တီမီတာထိ မြင့်တက်နေတယ်၊ တချို့အနိမ့်ပိုင်း ရပ်ကွက်မှာ နေအိမ်ထဲ ရေဝင်တာရှိတယ်၊ အိမ်စီးကားတစီးဟာ ကျောင်းက ကလေးကိုလာကြိုဖို့ ‌ ကျောင်းရှေ့မှာ ရပ်နားထားစဉ် သစ်ပင်ကြီးတပင် လဲပြိုပိကျလာခဲ့တယ်၊ ကံအားလျော်စွာ အုပ်ထိန်းသူက ကလေးကို သွားခေါ်နေချိန်မို့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် ဖတ်ထလုန်းနဲ့ တရန်းခရိုင်ကြားရှိ ဘေးမဲ့တောဥယျာဉ်ထဲမှာ တောင်ကျရေတွေ ရုတ်တရက်စီးဆင်းလာတယ်၊ ဒီမတိုင်ခင်က တောင်ကျရေ အန္တရာယ်သတိပေးချက် ကိရိယာ တပ်ဆင်ထားတာမို့ အချက်ပေးကိရိယာ မြည်တာနဲ့ အပန်းဖြေခရီးသွားတွေ ကြိုတင်ရှောင်ရှားပြီး သဘာဝဘေးအန္တရာယ်ကနေ ကင်းဝေးခဲ့တယ်လို့ ဆိုပါတယ်။ 

ထိုင်းတောင်ပိုင်းမှာ နိုဝင်ဘာ ၂၆ ရက်မှာလည်း မိုးသည်းထန်ပြီးရေထပ်ကြီးနိုင်တယ်၊ အထူးသဖြင့် စူရတ်ဌာနီ၊ နခွန်းဆီထမရတ်၊ တရန်း၊ ဖတ်ထလုန်း၊ ပတ္တနီ၊ ယာ့လား၊ နရာသီဝပ် စတဲ့ခရိုင်တွင်း သဘာဝဘေးအန္တရာယ်စောင့်ကြည့်ဖို့ သက်ဆိုင်ရာက ညွှန်ကြားထားပါတယ်။ 

Source: CH7 HD News / TNEWS / ThaiPost 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013