DVB Logo
Home
နိုင်ငံတကာ
လိမ်လည်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ စတင်ဖွဲ့စည်းရန် ထရမ့်ပ် အမိန့်ထုတ်
DVB
·
November 22, 2024
Photo: REUTERS/Jonathan Ernst
Photo: REUTERS/Jonathan Ernst
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မင်နီဆိုတာနဲ့ ကယ်လီဖိုးနီးယားပြည်နယ်တို့က သီးခြားဖြစ်ရပ်တွေကို ကိုးကားပြီး အမေရိကန်နိုင်ငံတဝန်း ကျယ်ပြန့်တဲ့ လိမ်လည်မှုလို့ ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ “လိမ်လည်မှုတိုက်ဖျက်ရေးအထူးအဖွဲ့” တရပ် ဖွဲ့စည်းလိုက်ပြီလို့ မတ် ၁၆ ရက်မှာ ကြေညာပါတယ်။

ထရမ့်ပ်က “ဥပမာအားဖြင့် မင်နီဆိုတာမှာ ဒေါ်လာ ၁၉ ဘီလီယံလောက်ထိ အတော်လေးကြီးတဲ့ လိမ်လည်မှုကို မြင်တွေ့နေရတယ်။ ဒါပေမဲ့ အဲဒါက လိမ်လည်မှုရဲ့ အစိတ်အပိုင်းလေး တခုအတွက်ပဲ”လို့ အိမ်ဖြူတော်မှာ ပြောတဲ့ မိန့်ခွန်းမှာ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီကို ယိမ်းတဲ့ပြည်နယ်တွေမှာ ဒီလိုလိမ်လည်မှုတွေ ပိုများတယ်လို့လည်း သူက ထပ်လောင်းစွပ်စွဲခဲ့ပြီး နိုင်ငံရေးဆက်နွှယ်မှုနဲ့ ကန့်သတ်ထားတာ မရှိဘူးလို့လည်း သူက ထပ်ပြောပါတယ်။

ထရမ့်ပ်ရဲ့ မှတ်ချက်တွေက လွှတ်တော်အမတ် အီဟန်အိုမာနဲ့ ဆိုမာလီအသိုက်အဝန်းတွေကိုလည်း ပစ်မှတ်ထားခဲ့ပြီး သူတို့ဟာ လိမ်လည်မှုအစီအစဉ်တွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သက်သေအထောက်အထားမရှိဘဲ အခိုင်အမာပြောခဲ့ပါတယ်။

ဒုတိယသမ္မတ ဂျေဒီဗန့်စ်က လိမ်လည်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ အေဂျင်စီတွေအကြား ပူးပေါင်းဆောင်ရွက်မှုအပေါ် အစိုးရက အာရုံစိုက်နေတယ်လို့ အလေးပေးပြောခဲ့ပါတယ်။

ဗန့်စ်က “သမ္မတက လိမ်လည်မှုပြဿနာကို အလေးအနက်ထားစေချင်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ သူ သမ္မတမဖြစ်ခင်အထိ ဘယ်သူမှ အလေးအနက်မထားခဲ့ကြလို့ပါ” လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံသားတွေ အကျိုးခံစားခွင့်တွေရစေရေး ကြိုးပမ်းမှုတွေကိုလည်း အလေးပေး ပြောခဲ့ပါတယ်။

ဖယ်ဒရယ်ဌာနတွေအကြား ပူးပေါင်းဆောင်ရွက်မှုကတဆင့် လိမ်လည်မှုဆိုင်ရာ တောင်းဆိုမှုတွေကို စုံစမ်းစစ်ဆေးမဲ့ အထူးအဖွဲ့ကို ဖွဲ့စည်းတဲ့ အမိန့်ကို ထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013