
ပြင်သစ်နည်းပြ ပက်ထရစ်ဗီအဲယာဟာ အီတလီကလပ် ဂျီနိုအာအသင်းနည်းပြသစ် ဖြစ်လာပါတယ်။
နည်းပြ ဗီအဲယာဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ပြင်သစ်ကလပ် စထရတ်ဘော့ကနေ ထွက်ခွာလာပြီးနောက် ၄ လအကြာမှာ ဂျီနိုအာအသင်းနည်းပြ ဖြစ်လာခဲ့တာပါ။
အာဆင်နယ် ဂန္ထဝင်ကွင်းလယ်ကစားသမားဟာ ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ် မှာလည်း တာဝန်ယူခဲ့ပြီး နယူးယောက်စီးတီးနဲ့ နိစ်အသင်းတွေကိုလည်း တာဝန်ယူခဲ့ဖူးပါတယ်။
ဗီအဲယာအနေနဲ့ အီတလီတိုက်စစ်မှူးဟောင်း မာရီယို ဘာလော့တယ်လီနဲ့ ပြန်လည်တွေ့ဆုံမှာပါ။
ဘာလော့တယ်လီရဲ့ နေထိုင်မှုပုံစံက အတူလက်တွဲလုပ်ဆောင်ဖို့ ခက်ခဲကြောင်း နိစ်အသင်းကို တာဝန်ယူစဉ်က နည်းပြဗီအဲယာက ပြောခဲ့ဖူးပါတယ်။
Photo-Reuters










