DVB Logo
Home
နိုင်ငံတကာ
ရုရှားကို ယူကရိန်းက Storm Shadow ဒုံးကျည်များဖြင့် တိုက်ခိုက်
DVB
·
November 21, 2024
ရုရှားကို ယူကရိန်းက Storm Shadow ဒုံးကျည်များဖြင့် တိုက်ခိုက်
Donate to DVB

ရုရှားပိုင်နက်ထဲကို Storm Shadow ဒုံးကျည်တွေ ယူကရိန်းက ပစ်လွှတ်ခဲ့ကြောင်း ဗြိတိန်အခြေစိုက်မီဒီယာက ဖော်ပြပါတယ်။

ဗြိတိန်မီဒီယာဖြစ်တဲ့ Times က အစိုးရရဲ့ ထုတ်ပြန်ချက်ကို အခြေခံပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

Storm Shadow ဒုံးကျည်တွေဟာ ကီလိုမီတာ ၂၅၀ အကွာအဝေးကို ပစ်ခတ်နိုင်ပြီး ဥရောပနိုင်ငံစုံ ဒုံးကျည်စနစ် ကုမ္ပဏီဖြစ်တဲ့ MBDA က ထုတ်လုပ်တာပါ။

ဗြိတိန်ဟာ ယူကရိန်းနယ်မြေထဲမှာရှိတဲ့ ရုရှားတပ်တွေကို တိုက်ခိုက်ဖို့ Storm Shadow ဒုံးကျည်တွေ ၂၀၂၃ ခုနှစ် မေလမှာ အသုံးပြုခွင့်ပေးတဲ့ ပထမဆုံးနိုင်ငံ ဖြစ်ပါတယ်။

ရုရှားပိုင်နက်ထဲကို တိုက်ခိုက်ရာမှာ ဗြိတိန်ရဲ့ Storm Shadow ဒုံးကျည်တွေ အသုံးပြုခွင့် ကန့်သတ်ထားခြင်းကို ခွင့်ပြုချက်ရထားဖွယ်ရှိတယ်လို့ Times က ဖော်ပြပါတယ်။

Storm Shadow ဒုံးကျည်တွေ အသုံးပြုတယ်ဆိုတဲ့ သတင်းတွေကို ဗြိတိန်ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးထားတာမျိုးတော့ မရှိသေးပါဘူး။

ယူကရိန်းတပ်ဖွဲ့ရဲ့ တာဝန်ရှိသူကတော့ သတင်းအချက်အလက်တွေကို ထုတ်ပြောမှာ မဟုတ်ကြောင်း ပြောဆိုထားတာရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ရုရှားဘက်ကတော့ တုံ့ပြန်ပြောဆိုထားတာမျိုးလည်း မရှိသေးပါဘူး။

အခြားတဖက်မှာ အမေရိကန်အစိုးရက ယူကရိန်းကို နယ်စပ်ဖြတ်ကျော်ပြီး တာဝေးပစ်နိုင်တဲ့ အမေရိကန်လုပ် ATACMS ဒုံးကျည်တွေ အသုံးပြုခွင့် ပေးထားပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ရုရှားနိုင်ငံ ဘရိုင်ခ်ဒေသကို ATACMS ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013