DVB Logo
Home
မြန်မာသတင်း
ဂျပန်တွင် ဖက်ဒရယ်ပွဲတော်ကျင်းပပြီး မြန်မာစစ်ရှောင်များအတွက် ထောက်ပံ့
DVB
·
November 20, 2024
ဂျပန်တွင် ဖက်ဒရယ်ပွဲတော်ကျင်းပပြီး မြန်မာစစ်ရှောင်များအတွက် ထောက်ပံ့
Donate to DVB

“နွေဦးတော်လှန်ရေးမှသည် ဖက်ဒရယ်ပွဲဆီသို့” အမည်ရတဲ့ ရန်ပုံငွေရှာဖွေပွဲကို ဂျပန်နိုင်ငံ Tokatanobaba (Toyama park) မှာ နိုဝင်ဘာ ၁၇ ရက်က ကျင်းပခဲ့ပြီး ရရှိတဲ့ ရန်ပုံငွေကို မြန်မာနိုင်ငံက စစ်ဘေးရှောင် ပြည်သူတွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ Karenni National Society-Japan က တာဝန်ရှိသူက ပြောပါတယ်။

တတိယအကြိမ်ကျင်းပတဲ့ ဒီပွဲတော်မှာ ဂျပန်နိုင်ငံရောက် တိုင်းရင်းသားတွေရဲ့ အကအလှတွေ၊ ရိုးရာဝတ်စားဆင်ယင်မှု ဖက်ရှင်ရှိုးတွေ၊ ရိုးရာအစားအသောက်တွေနဲ့ ရိုးရာယဥ်ကျေးမှုတွေကို ထုတ်ဖော်ပြသခဲ့ပြီး ထောင်နဲ့ချီတဲ့ပရိသတ်တွေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

Karenni National Society တာဝန်ရှိသူက “ကျနော်တို့ ရှေ့နှစ်များမှာ ရရှိလာတဲ့ ရန်ပုံငွေတွေကို ဂျပန်မှာရောက်ရှိနေတဲ့ သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးကနေ ညီတူညီမျှ ပေးပို့လှူဒါန်းခဲ့ပါတယ်ဗျ။ ဒီနှစ်မှာလည်း အရင်နှစ်တွေနည်းတူ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးကနေတဆင့် တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီကို တိုက်ရိုက်ပေးပို့ လှူဒါန်းသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဖက်ဒရယ်ပွဲတော် ပထမအကြိမ်ကို ၂၀၂၂ ခုနှစ်နဲ့ ဒုတိယအကြိမ်ကို ၂၀၂၃ ခုနှစ်တို့မှာ ပြုလုပ်ပြီး ပထမအကြိမ်ပွဲတော်မှာ ဂျပန်ယန်း ၃၁ သိန်းဝန်းကျင်၊ ဒုတိယအကြိမ်မှာ ယန်း သိန်း ၈၀ ဝန်းကျင် ရရှိခဲ့ပါတယ်၊ အခုတတိယအကြိမ်မှာ ရရှိငွေတွေကို စိစစ်ကာ သက်ဆိုင်ရာ နေရာဒေသအလိုက် လှူဒါန်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပြည်ပရောက်နေပေမဲ့ ပြည်တွင်းက ပြည်သူတွေနဲ့အတူ ရှိနေပြီး စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ပြသနိုင်ဖို့ တထောင့်တနေရာကနေ ပါဝင်အားဖြည့်တဲ့အနေနဲ့ ဖက်ဒရယ်ပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်။

ဂျပန်လူမျိုး ကျောင်းဆရာတယောက်က “ပျော်ရွှင်ရတယ်။ တော်လှန်ရေးအတွက်လည်း အထောက်အကူဖြစ်တယ်” လို့ ပြောပါတယ်။

ဖက်ဒရယ်ပွဲတော်ကနေ ရန်ပုံငွေ ရှာဖွေနိုင်တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ လိုအပ်ရာ စားသောက်ကုန်၊ နေအိမ်ပြန်လည်ပြုပြင်ရာတွေမှာ အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ကာ ဖက်ဒရယ်အကြောင်း နိုင်ငံတကာက ပြည်သူတွေသိရှိစေဖို့အတွက် မျှဝေမှုတွေလည်း ​ပြုလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013