DVB Logo
Home
မြန်မာသတင်း
တရုတ်စီမံကိန်း တည်ရှိသည့် ကျောက်ဖြူတွင် ဘဏ်စနစ်အားလုံးရပ်ဆိုင်း
DVB
·
November 20, 2024
တရုတ်စီမံကိန်း တည်ရှိသည့် ကျောက်ဖြူတွင် ဘဏ်စနစ်အားလုံးရပ်ဆိုင်း
Donate to DVB

တရုတ်ရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းမှာ နိုဝင်ဘာ ၁၅ ရက်ကစပြီး ပုဂ္ဂလိကဘဏ်တွေ အားလုံး ရပ်ဆိုင်းသွားပြီလို့ ကျောက်ဖြူမြို့ခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့နဲ့ အနီးဆုံးဖြစ်တဲ့ ရမ်းဗြဲမြို့၊ စနဲ့မြို့နဲ့ မအီမြို့တို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားသလို တောင်ကုတ်၊ ဂွ၊ အမ်းမြို့တို့ကို အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ကျောက်ဖြူကို မကူးစက်ခင်မှာ ပုဂ္ဂလိကဘဏ်တွေဟာ ရပ်ဆိုင်းလိုက်ကြတာလို့ ကျောက်ဖြူမြို့က ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ပုဂ္ဂလိကဘဏ်တွေအားလုံး ရပ်ဆိုင်းလိုက်တာက ဟုတ်ပါတယ်။ အဓိကတော့ တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်ပြီးတော့ လုံခြုံရေးအခြေအနေကြောင့် ပိတ်လိုက်ကြတာပါ။ အခု တောင်ကုတ်၊ ဂွ၊ အမ်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ကျောက်ဖြူဟာလည်း အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်။ ကျောက်ဖြူမှာ ဧပြီလကတည်းက ဘဏ်စနစ်တွေ ရပ်တန့်နေတာ ဖြစ်ပြီး ငွေကြေးစီးဆင်းမှုတွေမှာလည်း Mobile Banking စနစ်နဲ့ လည်ပတ်နေတာဖြစ်ပြီးတော့ အခုတော့ ဘဏ်တွေ လုံးဝ ပိတ်သိမ်းသွားတာ။” 

ကျောက်ဖြူမြို့နယ်မှာ မြို့သိမ်းတိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားမှု မရှိသေးပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီရဲ့ ဓညဝတီရေတပ် ဌာနချုပ်ဟာလည်း မကြာခဏဆိုသလို တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကလည်း ကျောက်ဖြူမြို့နဲ့ အနီးပတ်ဝန်းကျင်တွေမှာ မြို့ခံတပ်တွေအပြင် ပြည်မဘက်က စစ်အင်အားကိုပါ တိုးချဲ့ထားတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ကျောက်ဖြူမြို့နယ်ရှိ ဧရိယာအများစုကို AA က ထိန်းချုပ်ထားပြီးတော့ ကုန်းလမ်း အားလုံးကိုလည်း ပိတ်ဆို့ထားနိုင်သလို မြို့နဲ့ တပ်ဧရိယာလောက်ပဲ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တာလို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်းမှာ ဓညဝတီရေတပ်ဌာနချုပ်အပြင် ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃ နဲ့ ရဲတပ်ရင်း ၃၂ တို့ အခြေစိုက်ထားပါတယ်။

ရခိုင်တိုက်ပွဲ တနှစ်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၁ ခုအထိ သိမ်းပိုက်ထားပြီး နောက်ထပ် မြို့နယ် ၄ ခုကိုလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013