DVB Logo
Home
မြန်မာသတင်း
KPLA တပ်ရင်းအမှတ် ၉၄၂၀ တည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံ) 
DVB
·
November 19, 2024
KPLA တပ်ရင်းအမှတ် ၉၄၂၀ တည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံ) 
1 / 6
Donate to DVB

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) ရဲ့ အမှတ် ၉၄၂၀ တပ်ရင်း တည်ထောင်တာ နိုဝင်ဘာ ၁၈ ရက်မှာ ၂ နှစ်ပြည့်ခဲ့ပြီလို့ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

အမှတ် ၉၄၂၀ တပ်ရင်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှာ စတင်တည်ထောင်ခဲ့ကာ တော်လှန်ရေးကာလ ၂ နှစ်တာကို ဖြတ်သန်းခဲ့ပြီး စစ်ကောင်စီတပ်ကို ဆက်လက် တော်လှန်သွားမယ်လို့ ဆိုပါတယ်။

KPLA အမှတ် ၉၄၂၀ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက “တပ်ရင်းတည်ထောင်တာ ၂ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ အမှတ်တရဖြစ်အောင် ပြုလုပ်ဖြစ်တာပါ။ ပူးပေါင်းတပ်က အရာရှိတွေ တက်ရောက် အမှာစကားပြောတာ၊ အားကစားအစီအစဥ်တွေလည်း လုပ်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

၂ နှစ်ပြည့် အခမ်းအနားမှာ တပ်ရင်းက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေက အမှာစကားပြောတာ၊ သစ္စာအဓိဋ္ဌာန် ရွတ်ဆိုတာ၊ ခြင်းလုံးပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ အစီအစဥ်တွေနဲ့ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် အရုဏ်ဆွမ်း ကပ်လှူပူဇော်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခုလက်ရှိမှာ ဖားဆောင်းမြို့သိမ်းတိုက်ပွဲနဲ့ ဘောလခဲမြို့နယ်မှာရှိတဲ့ စခန်းကုန်းသိမ်း တိုက်ပွဲတွေမှာ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပူးပေါင်းပါဝင်နေပြီး ၂ နှစ်တာ ကာလအတွင်း တပ်ရင်းက ရဲဘော် ၃၂ ယောက်အထိ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013