DVB Logo
Home
မြန်မာသတင်း
ကျောင်းသားငြိမ်းချမ်းရေးဆု နီကာရာဂွါ ကျောင်းသားအဖွဲ့ ရရှိ
DVB
·
November 18, 2024
ကျောင်းသားငြိမ်းချမ်းရေးဆု နီကာရာဂွါ ကျောင်းသားအဖွဲ့ ရရှိ
Donate to DVB

ကမ္ဘာ့တဝန်း အာဏာရှင်နိုင်ငံတွေ လက်အောက် ဖိနှိပ်ချုပ်ချယ်ခံဘဝကနေ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီအရေးတို့ကို ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေကြတဲ့ ကျောင်းသားတွေကို ရွေးချယ်ပေးအပ်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို ကော်စတာရီအခြေစိုက် နီကာရာဂွါ ကျောင်းသားအဖွဲ့ Iniciativa Puentes por los Estudiantes de Nicaragua (IPEN) က ရွေးချယ်ချီးမြှင့်ခံရပါတယ်။

ဒီဆုကိုတော့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးတို့အတွက် သူမတူအောင် ဆောင်ရွက်နေကြတဲ့ ကမ္ဘာအနှံ့က ကျောင်းသားသမဂ္ဂ၊ ဒါမှမဟုတ် ကျောင်းသားခေါင်းဆောင်ကို နော်ဝေကျောင်းသားထုကိုယ်စား ရွေးချယ်ချီးမြှင့်ပြီး ၂ နှစ်တကြိမ် ကျင်းပနေကျ ထရွန်ဟန်း နိုင်ငံတကာ ကျောင်းသားပွဲတော်မှာ ဆုပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။

အခု ၂၀၂၅ ခုနှစ်အတွက် ဆုရွေးချယ်ချီးမြှင့်ခံခဲ့ရတဲ့ IPEN အဖွဲ့ကတော့ နီကာရာဂွါ ကျောင်းသားတွေက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ စတင်ပြီးတော့ ကော့စတာရီကာ အခြေစိုက် အဖွဲ့အစည်းအနေနဲ့ သူတို့မွေးရပ်မြေက ပညာရေးနဲ့ လွတ်လပ်ခွင့် အခွင့်အရေးတွေအတွက် လှုပ်ရှားဆောင်ရွက်နေတာပါ။

နီကာရာဂွါမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကြီးမားတဲ့ ဆန္ဒပြပွဲတွေအပြီးမှာ အဆိုပါအဖွဲ့အစည်း ပေါ်ထွက်လာခဲ့တာဖြစ်ပြီးတော့ IPEN အနေနဲ့ နိုင်ငံအတွင်း နိုင်ငံရေး အခြေအနေကြောင့် ထိခိုက်ခဲ့ရတဲ့ ကျောင်းသားတွေအတွက် ပညာရေးဆိုင်ရာ ပံ့ပိုးမှုတွေအပြင် လူသားချင်းစာနာထောက်ထားမှု၊ စိတ်ပိုင်းဆိုင်ရာ အကူအညီနဲ့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှု သင်တန်းတွေကိုလည်း ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ရွေးချယ်ချီးမြှင့်ခဲ့တဲ့ ကျောင်းသား ငြိမ်းချမ်းရေးဆုကို မြန်မာနိုင်ငံက ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) တည်ထောင်သူတယောက်ဖြစ်တဲ့ နန်းချမ်တောင်းတို့လည်း ရရှိခဲ့ဖူးပါတယ်။

ကိုမင်းကိုနိုင်ကိုတော့ ၂၀၀၁ ခုနှစ်အတွက် ဒီဆုရွေးချယ်ချီးမြှင့်ခံရတာဖြစ်ပြီး ရှစ်လေးလုံး ကျောင်းသားလှုပ်ရှားမှု ကာလကတည်းက တက်ကြွစွာပါဝင်ခဲ့ပြီး ပညာရေးစနစ်မှာ ကြီးမားစွာ ရှုံးနိမ့်နေတဲ့ နိုင်ငံတနိုင်ငံရဲ့ အခြေအနေတွေ တိုးတက်ကောင်းမွန်လာစေဖို့ ကြိုးပမ်းခဲ့တာကြောင့် ဆုချီးမြှင့်တယ်လို့ ဆိုပါတယ်။

၂၀၀၇ ခုနှစ်အတွက် ကျောင်းသားငြိမ်းချမ်းရေးဆုကိုတော့  ရှမ်းတိုင်းရင်းသူ နန်းချမ်တောင်းကို ရွေးချယ်ချီးမြှင့်ခဲ့ပြီး မြန်မာဘက်ကနေ ထိုင်းနိုင်ငံမြောက်ပိုင်းကို ထွက်ပြေးလာကြတဲ့ ရှမ်းလူမျိုးတွေ၊ အထူးသဖြင့် အမျိုးသမီးတွေဘဝ အခြေအနေ တိုးတက်ကောင်းမွန်လာစေရေး၊ လူ့အခွင့်အရေးနဲ့ ကျား၊ မ တန်းတူညီမျှရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့တာကြောင့် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013